နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု ၃၃ ဦး ရှိလာဟု AAPP အတည်ပြု
This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန် သက်တမ်း ကုန်ခါနီးတွင် နိုင်ငံရေး အကျဉ်းသားများကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စတင်လွှတ်ပေးခဲ့ရာ တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသား ၃၃ ဦး လွတ်မြောက်လာပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ပြောသည်။
လတ်တလော လွတ်မြောက်လာသူများမှာ မြစ်ကြီးနား အကျဉ်းထောင်မှ ၂ ဦး၊ အင်းစိန်မှ ၁၉ ဦး၊ ပြည်မှ ၄ ဦး၊ မန္တလေးမှ ၁ ဦး၊ တောင်ငူမှ ၃ ဦး၊ ဘားအံမှ ၁ ဦး၊ ညောင်ဦးမှ ၂ ဦးနှင့် ပူတာအိုမှ ၁ ဦး စုစုပေါင်း ၃၃ ဦး ဖြစ်သည်ဟု AAPP က ပြောသည်။
လွတ်မြောက်လာသူများထဲတွင် ပုဒ်မ ၂၉၅ အပါအဝင် ပုဒ်မများစွာဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည့် မိုးပြာ ဆရာတော်က မြစ် ကြီးနား အကျဉ်းထောင်မှ လည်းကောင်း၊ ၈၈ မျိုးဆက် ကရင်အစည်းအရုံးမှ စောမောင်ကြီးအပါအဝင် ၂ ဦး၊ People Democracy Party မှ ဒေါက်တာသန်းထိုက်ဦးက ပူတာအို အကျဉ်းထောင်မှ လည်းကောင်း၊ ဦးဘမြင့် အပါအဝင် မိကျောင်းကန် သပိတ်ကြောင့် အ ကျဉ်းကျနေသူ ၁၃ ဦး အပါအဝင် ၁၉ ဦးက အင်းစိန်ထောင်မှ လည်းကောင်း ပြန်လည် လွတ်မြောက်လာပြီးဖြစ်ကြောင်း သိရသည်။
သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် စာရင်းတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ တပည့်ရင်းများ အပါအဝင် အကောက်ခွန်ဋ္ဌာန ဝန်ထမ်း ၁၅ ဦးလည်း ပါဝင်ကြောင်း သိရသည်။