
၁၃ ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ကြား လူကုန်ကူးမှု တိုက်ဖျက်ရေး အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့တို့ကြား လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် မည့် အစည်းအဝေးများကို ၂ဝ၁၆၊ ဇန်နဝါရီ ၂၆ နှင့် ၂၇ ရက်တို့တွင် ပုဂံမြို့ရှိ Bagan Umbra ဟိုတယ်၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အစည်းအဝေးပွဲများတွင် လူကုန်ကူးမှုနှင့် ပတ်သက်၍ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ အဖွဲ့ ၂ ဖွဲ့ သို့မဟုတ် အဖွဲ့အစည်း ပေါင်းစုံ ပါဝင်သည့် အစည်းအဝေးများတွင် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ အနာဂတ်တွင် ဝေမျှနိုင်ရေး အ တွက် လမ်းညွှန်ချက်များနှင့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ဝရမ်းပါ မတူညီမှုများ၊ Vedio Conference အသုံးပြုမှု အတွက် လမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် လုပ်ငန်းစဉ်များ ဆွေးနွေးကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် လိုက်သည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ(MoU)ကို ၂ဝဝ၉ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ထို MoU အရ အစည်းအဝေးများကို တစ်နှစ်လျှင် ၂ ကြိမ် အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပလျက် ရှိသည်။