သတင်းတို
V Gastro ဘား မန်နေဂျာ နယူးဇီလန် နိုင်ငံသား Mr.Philips လွတ်မြောက်
This article has been converted from Zawgyi One to Unicode

နားကြပ် တပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို ဘားဆိုင်တွင် အသုံးပြုခဲ့သဖြင့် အင်းစိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အဖျော်ယမကာ ဘားဆိုင် မန်နေဂျာ နယူးဇီလန် နိုင်ငံသား မစ္စတာ ဖိလစ် ဘလက်ခ်ဝုဒ်(Mr. Philip Blackwood)မှာ သမ္မတ ဦးသိန်းစိန်၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ဗုဒ္ဓပုံကို နားကြပ်တပ်ဆင်ကာ ဘားဆိုင်ဖွင့်ပွဲအတွက် ကြော်ငြာခဲ့သည့် V Gastro ဘားဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာများ ဖြစ်သည့် နယူး ဇီလန် နိုင်ငံသား မစ္စတာ ဖိလစ် ဘလက်ခ်ဝုဒ် (Mr. Philip Blackwood)နှင့် ဦးထွဋ်ကိုကိုလွင် တို့ကို ဗဟန်းမြို့နယ် တရားရုံးက ၂၀၁၅ ခုနှစ် မတ်လတွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လစီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။