အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုရှိ အကြမ်းဖက်သမားများ နေထိုင်နေတယ်လို့ သံသယရှိတဲ့ လူနေတိုက်ခန်းကို မနေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ ဗုံးတလုံးပေါက်ကွဲပြီး ရဲအရာရှိ ၃ဦးအပါအဝင် လူ ၆ဦးသေဆုံးသွားပြီး ၁၅ ဦးဒဏ်ရာရှိ သွားပါတယ်။ ဒီလုပ်ရပ်ဟာ မွတ်ဆလင် ညီနောင်များအဖွဲ့ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ အီဂျစ် ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီဝင်ရောက်စီးနင်းတဲ့ အယ်လ်ဟာရမ်အရပ်ဟာ အရင်သမ္မတဟောင်း မိုဟာမက် မော်စီကို ဖြုတ်ချပြီး ကတည်းက စစ်သွေးကြွများခိုအောင်းနေရာအရပ်ဖြစ်ပြီး တိုက်ခိုက်မှုများရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆိုင်းနိုင်ကျွန်းဆွယ်မြောက်ပိုင်းက အယ် အရစ်ရှ်မြို့က စစ်ဆေးရေးဂိတ်တခုကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးခဲ့ပါတယ်။တိုက်ခိုက်သူတွေများကတော့ သမ္မတ ဟောင်းမော်စီကို ထောက်ခံသူရာပေါင်းများစွာက အစိုးရက တိုက်ခိုက်နှိမ်နင်းခဲ့တာကို လက်တုံ့ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။