Politics

လူဝင်မှု ကြီးကြပ်ရေးကို ပြည်ထဲရေးအောက် ထည့်သွင်းရန် သမ္မတ အကြောင်းကြား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန အောက်သို့ ထည့်သွင်းပြီး လူဝင်မှု ကြီး ကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းရန် သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ တရားဝင် သဝဏ်လွှာပေးပို့ အကြောင်း ကြားလိုက်သည်။

လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူ ထိန်းသိမ်းရေး လုပ်ငန်း စသည့် လုပ်ငန်း တာဝန် ၃ ရပ်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဝန်ကြီးဌာန များ ကို ပိုမိုကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ခြင်းဖြင့် အစိုးရဘဏ္ဍာငွေ ကုန်ကျမှုကို လျော့ချရန်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး ကိစ္စရပ်များ ပိုမို ထိရောက်စွာ ဆောင်ရွက် နိုင်ရန်၊ နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်စပ်ဒေသမှ တရားမဝင် ခိုးဝင်ခိုးထွက်မှုများ၊ နိုင်ငံခြားသားများ တရားမဝင် ခိုးဝင် စိမ့်ဝင်မှုများကို ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်မရှိ ဦးစီးဌာနများနှင့် ဟန်ချက်ညီ ပူးပေါင်း ကာကွယ် တားဆီး ဆောင်ရွက်နိုင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုရုံးများ၏ လုပ်ငန်းစဉ်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဟု သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အခုလို လူဝင်မှုကြီးကြပ်ရေးကို ပြည်ထဲရေးဝန်ကြီးဌာန အောက်သွင်းဖို့လုပ်တာကတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အာဏာ က ပိုပြီးတက်လာတာပေါ့။ ပြည်ထဲရေးဝန်ကြီးဆိုတာက တပ်ကပဲ ခန့်ရတာ။ တပ်မတော်ရဲ့ အရေးပါမှုက ပိုပြီးတော့ များလာတဲ့သဘောပဲ။ အရင်က ဖွဲ့ချင်သလို ဝန်ကြီးဌာနတွေ အောက် ဖွဲ့ခဲ့ပြီးမှ NLD အစိုးရ တက်မှ ပြည်ထဲ ရေးအောက်ကို ဝန်ကြီးဌာနတွေ ဖျက်ပြီး ဦးစီးဌာနတွေ အဖြစ် ထည့်တာကတော့ NLD အစိုးရကို မယုံတဲ့သဘောမျိုးလည်း ယူဆကောင်း ယူဆလို့ရနိုင်ပါတယ်။ အဓိကကတော့ တပ်ရဲ့ သြဇာ ပိုချဲ့လာတဲ့ လုပ်ရပ်လို့ ယူဆလို့လည်းရတယ်” ဟု ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ တက်ရောက်တော့ မည့် NLD လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ် သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဖျက်သိမ်း၍ ဦးစီးဌာန အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အောက် ထည့်သွင်းမည့် သမ္မတသဝဏ်လွှာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ယနေ့ တွေ့ဆုံ ဆွေးနွေး၍ သဘောထား တောင်းခံကာ သူ့ထံသို့ ပြန်လည် တင်ပြရန် ဥပဒေကြမ်းကော်မတီသို့ ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading