သမ္မတဟောင်း လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ပြည်သူ့လွှတ်တော် ပြင်ဆင်ချက်အတိုင်း အတည်ပြုဖွယ်ရှိ
This article has been converted from Zawgyi One to Unicode

ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကြား သဘောထားကွဲလွဲလျက်ရှိသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံ ခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုသင့်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီက တိုက်တွန်းခဲ့သည်။
ဥပဒေကြမ်း အပိုဒ် ၁၀ တွင်“နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ အတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ”ဟု ဖော်ပြ ထားပြီး ယင်းအချက်ကို မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် အမျိုးသားလွှတ်တော်က အတည်ပြုထားသော်လည်း ပြည်သူ့ လွှတ်တော် ကမူ“နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ”ဟူ၍ ပြင်ဆင် အတည်ပြု ထားသည်။
ဥပဒေကြမ်း ကော်မတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက“ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေက ပြည့်စုံပါတယ်။ ဥပဒေနဲ့အညီဆိုတဲ့ စကားလုံး ထည့်သွင်းထားတဲ့အတွက် ဥပဒေနဲ့မညီတာတွေတော့
မပါတော့ဘူးပေါ့”ဟု ဧရာဝတီသို့ ပြောသည်။