လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းအကျဉ်းဦးစီး၏ စာရိတ္တပြုပြင်ရေးဌာနသတင်းဝက်ဘ်ဆိုဒ် ၂၀ကို ဟက်ကာအဖွဲ့၏ တိုက်ခိုက်မှုထပ်မံခံရကြောင်း Bangkok Post တွင် ရေးသားထားသည်၊ လိပ်ကျွန်းလူသတ်မှုတွင် မြန်မာ ၂ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို သေဒဏ်ချမှတ်ပြီးနောက် တလအတွင်း တတိယအကြိမ် ဖြစ်ပြီး ပထမဆုံး ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုဒ်များ၊ ဒုတိယ ထိုင်းတရားရေး ဌာနနှင့် အစိုးရရုံးဝက်ဘ်ဆိုဒ် ၃၀၀ နီးပါး တိုက်ခိုက်ခဲ့ပြီး ယခုအခါ ထိုင်းအကျဉ်းဦးစီးဌာနများကို တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း သပိတ်မှောက်ရန် ဆော်သြမှုများလည်း ပြုလုပ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။