
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်အဖြစ် သမ္မတအိုဘားမားအဆိုတင်သွင်းထားသည့် မစ္စတာ စကောက် မာရှယ် (Scot Marciel) ကို အမေရိကန်အထက်လွှတ်တော်ကော်မတီက မနေ့က အတည်ပြုပေး လိုက်ပြီဖြစ်သည်။သို့သော် အထက်လွှတ်တော် တရပ်လုံး၏ အတည်ပြုမှု ရယူရန် ကျန်ရှိနေသေးသည်။
မစ္စတာ စကောက်မာရှယ်(Scot Marciel) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အသစ်အဖြစ် သမ္မတ အိုဘားမားက ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ရီပတ်ဗလီကန် အမတ် Cory Gardnerကတော့ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲမှုမလုပ်နိုင်ခင်မှာ သမ္မတအိုဘားမားအစိုးရ အနေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားမှာ စိုးရိမ်ကြောင်းပြောသည်။
အိုဘားမားအစိုးရကလည်း မြန်မာ့ လူ့အခွင့်အရေးအခြေအနေများအပြင် တခြားသော ပြဿနာများ ဖြေရှင်းရန် ရှိသေးကြောင်းပြောဆိုခဲ့ သည်။