ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နီးစပ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကိုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဆက်လက် လက်တွဲတော့မည် မဟုတ်ကြောင်း သိရသည်။
ယနေ့ နောက်ဆုံးကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူ သူရဦးအောင်ကိုက နိုင်ငံရေးကို တသီး ပုဂ္ဂလအဖြစ် လိုအပ်သည့်နေရာမှသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ NLD က ကမ်းလှမ်းလာပါကလည်း ပြည်သူ့လူထု အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။
သူရ ဦးအောင်ကိုက“ပြည်ခိုင်ဖြိုး ပါတီဝင်အနေနဲ့တော့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားဖို့ မရှိတော့ပါဘူး။ တသီးပုဂ္ဂလအနေနဲ့ပဲ နိုင်ငံသားတွေအတွက် ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို လက်တွဲသွားမှာပါ။ ပါတီက နုတ်ထွက်ဖို့ကတော့ ကိုယ်ကတင်ဖို့ မလိုဘူး ထင်ပါတယ်”ဟု မီဒီယာများသို့ ပြောသည်။