သတင်း

မင်္ဂလားဈေးအသစ် ပြန်လည် တည်ဆောက်မှုအပေါ် သဘောထားကွဲလွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မီးဘေး ၂ ကြိမ်သင့်ခဲ့သည့် မင်္ဂလာဈေးကြီးအား အသစ် ပြန်လည် တည်ဆောက် သင့်/မသင့်နှင့် ပတ်သက်၍ ဈေးသူဈေးသားများကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မင်္ဂလာဈေး မီးလောင်ရာတွင် မီးဘေးသင့်ခဲ့သည့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်မှ ဈေးသူဈေးသားများက လက်ရှိ မင်္ဂလာဈေးကြီး သည် မီးဘေး ၂ ကြိမ်သင့်ခဲ့သည့်အပြင် စံချိန်စံညွှန်းမမီသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကာအကွယ်များ ပါရှိသည့် စံချိန် စံညွှန်းမီ အဆင့်မြင့်ဈေးကြီးအဖြစ် အသစ်ပြန်လည် တည်ဆောက်ပေးစေလိုကြောင်း ပြောသည်။

ယင်းဆိုင်ခန်းရှင်များက ယနေ့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရွှေတောင်ကျောင်းတိုက်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မင်္ဂလာဈေး စတုတ္ထထပ်တွင် အလှကုန်ဆိုင်ဖွင့်ထားသူ မချိုဝတ်ရည်က“Decision ကောင်းကောင်း မရှိလို့ ဝိဝါဒ ကွဲပြားတာ။ အင် ဂျင်နီယာ ပညာရှင်တွေက စမ်းသပ်ပြီးရင် ပြန်ဆောက်သင့်/မသင့်ကို ဆုံးဖြတ်ချက်ချလိမ့်မယ်။ ကျမတို့က ဘာလို့ပြောရလဲဆိုရင် ပြန်ပြီးငုံဆောက်ပါဆိုတဲ့ အပြောပေါ်မှာ ဆုံးဖြတ်ချက် လွဲသွားမှာစိုးလို့။ ငုံပြီးပြန်ဆောက်မယ်ဆိုရင် ဖြစ်လာမယ့် အန္တရာယ်က ဒီတခါ ဆိုရင် လူ့အသက်တွေ ပါပါမယ်။ မျှော်ကြည့်လို့ရတဲ့ အခြေအနေပါ။ ဒါကြောင့် ငုံဆောက်မယ့် အခြေအနေကို လုံး၀ လက်မခံပါဘူး”ဟု ပြောသည်။

မီးအလောင်ခံခဲ့ရသည့် ဆိုင်ခန်းများမှ ဈေးသူဈေးသားများက ဈေးအသစ် ပြန်လည်တည်ဆောက်ရန် ဆန္ဒရှိသော်လည်း မြေညီ ထပ်၊ ပထမထပ်၊ ဒုတိယထပ်တို့မှ ဈေးသူဈေးသားများကမူ ယခုလက်ရှိ ဈေးအဟောင်းကိုသာ ပြန်လည် မွမ်းမံပြီး တည်ဆောက် လိုကြသည်။

ဈေးပထမထပ်မှ အထည်ဆိုင်ပိုင်ရှင် ဒေါ်မေမေအောင်ကမူ“လုံး၀ ဒီဈေးကိုဖျက်ပြီးတော့ ဆောက်တာ မလိုချင်ဘူး။ ဒီတိုင်း ပြန် ဆောက်မှပဲ အားလုံးအတွက် အဆင်ပြေမယ်။ အသစ်ဆောက်မယ်ဆိုရင် အချိန်က အရမ်းကြီး ကြာသွားမယ်လေ။ စီးပွားရေးက တော်တော် လုံးပါးပါး သွားမယ်။ အခုတောင် တော်တော်လုံးပါးပါးနေပြီ။ ဈေးမှာ မှီခိုအားထားလုပ်နေတဲ့သူတွေဟာ အခု အလုပ် လက်မဲ့တွေ ဖြစ်နေပြီ။ ချက်ချင်း ပြန်လုပ်တာပဲ ကြိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မင်္ဂလာဈေးကြီးသည် ဇန်နဝါရီ ၉ ရက်နေ့က ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် မီး လောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်သိန်းသုံးသောင်းကျော်ရှိကြောင်း မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကြောင့် ယာယီဈေးဆိုင်ခန်းအဖြစ် မင်္ဂလာမွန်ဈေးနှင့် ရွှေမင်္ဂလာဈေးတို့တွင် နေရာ အစားချ ထားမည် ဟု မင်္ဂလာဈေး သာယာရေး ကော်မတီက ထုတ်ပြန်ထားသော်လည်း ယနေ့အချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း၊ မင်္ဂလာဈေးကြီး မီးလောင်ပြီးနောက် ယင်းနေရာသို့ သမ္မတဦးသိန်းစိန် လာရောက်ခဲ့စဉ်က ယင်းဈေးကို အဆင့်မြင့် ဈေးကြီးတခု အဖြစ် ပြန်လည်တည်ဆောက်သင့်သည်ဟု ပြောဆိုသွားခဲ့ကြောင်း ဈေးသူဈေးသားများက ပြောသည်။

ဆိုင်ခန်းမီးလောင်ခံရသူ ကိုနေမျိုးထွေးက“သတင်းထုတ်ပြန်ရင်လည်း ဘယ်က ထုတ်ပြန်မှန်း မသိရဘူး။ ပွင့်လင်း မြင်သာမှု မရှိဘူး။ နောက်တခုက ယာယီဈေးဆိုင်ခန်း အမြန်ဆုံးရရှိဖို့ တိုက်တွန်းဖို့ လိုတယ်။ ထောက်ပံ့ငွေကိစ္စ စီစဉ်ဆောင်ရွက်မှု အခြေ အနေကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ ချေးငွေကိစ္စကလည်း ဝါးတားတားပါပဲ။ အဆောက်အအုံ ပြန်ဆောက်မယ့်ကိစ္စကလည်း အငြင်းပွားနေကြတယ်”ဟု ပြောသည်။

ဈေးသူဈေးသားများအနေဖြင့် မင်္ဂလာဈေးကြီးကို ပြန်ဆောက်သင့်/မသင့်ကို အငြင်းပွားမနေဘဲ အင်ဂျင်နီယာပညာရှင်များ၏ ဆုံး ဖြတ်ချက်ကို လိုက်နာသင့်ကြောင်း၊ တာဝန်ရှိသည့် အင်ဂျင်နီယာများကလည်း ယင်းတို့၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဈေးသူ/ ဈေးသားများ အားလုံးကို ပွင့်လင်းမြင်သာစွာ ချပြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦး အနေဖြင့် လွှတ်တော်တက်သည့် အချိန်တွင် မင်္ဂလာဈေးကိစ္စအား အဆိုတင်သွင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှေဋ္ဌးက ပြောသည်။

အဆင့်မြင့်ဈေးသစ်ကြီး ပြန်လည်တည်ဆောက်စေချင်သည့် ဆိုင်ခန်းပိုင်ရှင်များက သဘောထားလက်မှတ်များ ကောက်ခံထားပြီး ဇန်နဝါရီ ၂၉ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်ထံ သွားရောက် တွေ့ဆုံတင်ပြခဲ့ကြောင်း၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း စာပေးပို့သွားမည်ဖြစ်ကြောင်း ဈေးသူဈေးသားများက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading