• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

ဩစတြေးလျက ကရင် မင်းသမီး

by စောရန်နိုင်
31 January 2016
in Women
A A
ဩစတြေးလျ, ကရင်, မင်းသမီး, Tasneem Roc

Tasneem Roc

16.1k
VIEWS
Share on FacebookShare on Twitter

ရုပ်ရှင်သရုပ်ဆောင် Tasneem Roc ဟာ စကော့တလန်နိုင်ငံသူ မိခင်နှင့် ကရင်လူမျိုးဖခင်တို့မှ မွေးဖွားလာပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကြီးပြင်းခဲ့သူပါ။ ဒါပေမယ့် မြန်မာနိုင်ငံက သူမရဲ့မိသားစု ဇစ်မြစ်နှင့် သူမ သွေးနှောယှက်နွယ်မှုကို မမေ့ပဲ လေးနက်စွာ တန်ဖိုးထားတာပါ။ ဇန်နဝါရီလ အစောပိုင်းတွင် ဖခင်ဖြစ်သူရဲ့ ဇာတိမြေဖြစ်သော ဧရာဝတီတိုင်း မြောင်းမြမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး သူမ၏ ဆွေမျိုးအချို့နှင့် တွေ့ဆုံခဲ့ပါတယ်။ မကြာသေးခင်က Tasneem Roc ကို ဧရာဝတီ မှ သူမရဲ့ဘဝလမ်းကြောင်း အထူးသဖြင့် ကရင်တိုင်းရင်းသားများနှင့် ဆက်နွယ်မှုအကြောင်းတို့ကို မေးမြန်းခဲ့ပါတယ်။

မေး။   ။မကြာသေးခင်က  ဖခင်ဖြစ်သူရဲ့ ဇာတိမြို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဘယ်လိုခံစားရပါသလဲ။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
388
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
22
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.5k

ဖြေ။   ။ ဒါက ကျမရဲ့မြန်မာနိုင်ငံ ဒုတိယအကြိမ် ခရီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့တခေါက်ကတော့ လွန်ခဲ့တဲ့ ၁၆နှစ်က လာခဲ့တာပါ။ အဲဒီတုန်းက ပထမဆုံး ဆိုပေမယ့် မိသားစုနဲ့လာခဲ့ပြီးတော့ အိမ်ဆိုတဲ့ နွေးထွေးမှုကိုလည်း ခံစားရပါတယ်။ အချိန်တွေကြာခဲ့ပြီဆိုပေမယ့် မြန်မာနိုင်ငံကို ချစ်ပါတယ်။
ကျမရဲ့ ခရီးစဉ်အတွင်းမှာ စိတ်အလှုပ်ရှားဆုံးနဲ့ ဝမ်းသာရဆုံးကတော့ မိသားစုတွေနဲ့ တွေ့ဆုံရတာပါပဲ။ အချို့မိသားစုကိုတော့ ပထမဆုံးအခေါက်တည်းက မတွေ့ခဲ့ဘူး။ တချို့ကတော့ တွေ့ဖူးတယ်။ ဒါပေမယ့် ကျမ အကုန်လုံးကို ချစ်ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ ဆွေမျိုးတွေနဲ့လည်း တွေခဲ့ပါတယ်။ ပြီးတော့မှ မြောင်းမြမှာရှိတဲ့ အဖေ့ဇာတိရွာကို ခရီးဆက်တယ်။ အဲဒီမှာ ဆွေမျိုးတွေအများကြီးနဲ့ တွေ့ရပြီးတော့ သူတို့ရဲ့ဘဝအတွေ့ အကြုံတွေကိုလည်း သိခဲ့ရတယ်။ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ မိသားစုတွေဆီကို လာလည်ဖို့ပါ။ ပြီးတော့ အဖေက အဖေ့မိဘတွေကို မြှုပ်နှံခဲ့တဲ့ ရွာနဲ့ သူကလေးဘဝက အရေးပါခဲ့တဲ့ နေရာတွေ သူစာသင်ခဲ့တဲ့ ကရင်ပြည်နယ် ဖားအံမြို့က အမှတ်(၁) အထက်တန်းကျောင်း နေရာတွေကို နောက်တခေါက်ပြန်လာလို့ ကျမမိဘတွေနဲ့ အတူလိုက်တာတာပါ။

မေး။     ။ ဒီတခေါက်ခရီးစဉ်ကို လူတွေ ပိုပြီး ဂရုပြုမိလာတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။   ။ ကရင်အနုပညာရှင်တွေက ရှုတင် (shooting) တွေ။ ပွဲလေးတခုစီစဉ်ပြီးပေးတယ်။ ကရင်ရိုးရာဝတ်စုံနဲ့လည်း ကျမ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ လူတွေအများကြီးတက်ရောက်လာတဲ့ သတင်းစာရှင်းလင်းပွဲတခု အပါအဝင် ကရင်ဂီတပညာရှင်တွေ ပါဖော့မန့်သမားတွေနဲ့လည်း တွေ့ဆုံပေးခဲ့ပါတယ်။ ပြီးတော့ ညစာစားပွဲတခုလည်း လုပ်ပေးတယ်။ ဒါတွေအားလုံးက မမျှော်လင့်ဘဲနဲ့ တွေခဲ့ရတဲ့ အံသြသင့်စရာ အတွေ့အကြုံတွေပါ။
မီဒီယာတွေက သတင်းယူကြတာနဲ့ ဖေ့ဘုတ်ပို့စ်တွေကြောင့် ဒီခရီးစဉ်ကို လူသိများလာခဲ့ပါတယ်။ ဖေ့ဘုတ်ပု့ိ့စ်တွေကို မြင်ပြီးတော့ ကရင် မောင်နှမတွေက ကျမကို လာတွေ့ဆုံခဲ့ကြတယ်။
နောက်ဆုံးအနေနဲ့ စိတ်အလှုပ်ရှားဆုံးနဲ့ မမျှော်လင့်ခဲ့တဲ့ အရာကတော ကျမတို့ထိုင်းနိုင်ငံ မဲဆောက်ကို ရောက်နေတဲ့အချိန်မှာ အဖေအပါအဝင်  ကရင်ပညာရေးအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးပွဲမှာ ကျမ ပါဝင်ခွင့်ရခဲ့တယ်။ ပြီးတော့ မဲဆောက်မှာရှိတဲ့ ကရင်ပညာရေး အဆောက်အအုံနဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတခုကိုလည်း သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်။

မေး။    ။ ခင်ဗျားမိသားစုရဲ့ နောက်ခံသမိုင်းအကြောင်းလေးပြောပြပါဦး။ ဖခင်ဖြစ်သူရဲ့အလုပ်က မြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်အရေးနဲ့ ဘယ်လိုပတ်သက်မှုရှိပါသလဲ။

ဖြေ။    ။ ကျမ မိဘ၂ ပါး စလုံးက ပညာတတ်တွေပါ။ ကျမအဖေက University of Technology Sydney မှာ အနှစ်၂၀ ကျော် စာသင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Sydney TAFE (technical and further education) မှာ ၁၈ နှစ်ကြာအောင် ပြောင်းရွေ့သင်ကြားခဲ့ပြီးတော့ နောက်ပိုင်းမှာ information technology ရဲ့ကျောင်းအုပ်အဖြစ် ၈ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဖေက  ကရင်အဖွဲ့အစည်းတွေဆီကို လာရောက်လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကရင်ပြည်နယ် ပညာရေးအခြေအနေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း အခြေအနေတွေကို သြစတြေးလျ ကရင်အဖွဲ့အစည်း AKO ကို တင်ပြဖို့ အတွက်ပါ။  AKO က ကရင်ဒုက္ခသည်စခန်းတွေကို ပြန်လည် နေရာချထားဖို့ ကူညီနေတဲ့အဖွဲ့အစည်းပါ။ အဖေကလည်း အဲဒီက အဖွဲ့ဝင်တယောက်ပေါ့။ အထူးသဖြင့် သြစတြေးလျ ပညာရေးစနစ်လို မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကရင်ကလေးငယ်တွေအတွက် အဆင်ပြေပြေ သင်ယူနိုင်ဖို့ကို အဖေက မြင်ချင်ခဲ့တာပါ။
ပြီးတော့လည်း ဒုက္ခသည်စခန်းတွေမှာ အခက်အခဲတွေကြားက လည်ပတ်နေရတဲ့ ပညာရေးစနစ်ကိုလည်း အဖေက မီးမောင်းထိုးပြချင်တယ်။ ပြည်ပရောက် ကရင်တွေအနေနဲ့ ကရင်ပြည်နယ်နှင့် ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ ကရင်အသိုင်းအဝိုင်းတွေကို ဘယ်လို အကူအညီတွေပေးနိုင်မလဲဆိုတာ အဖေက စုံစမ်းချင်တယ်။
အဖေ့ကို ကူညီတဲ့အနေနဲ့ အဲဒီ ပညာရေးအစည်းအဝေးတွေကို ကျမ ဗီဒီယိုတွေ ဓာတ်ပုံတွေ မှတ်တမ်းတင် ကူညီရိုက်ပေးခဲ့တယ်။ အထူးအခွင့်အရေးရခဲ့တယ်လို့ ခံစားရတယ်။ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ဆုံးဖြတ်ချက်ချသူတွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပြီးတော့ ကရင်အဖွဲ့အစည်းတွေကို အဆင့်မြင့် ပညာရေးထောက်ပံ့ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် လက်ရှိအခြေအနေမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်ခဲ့ပါတယ်။

မေး။     ။ သြစတြးလျနိုင်ငံမှာ ရုပ်ရှင်သရုပ်ဆောင်တယောက်အဖြစ် ဘဝရပ်တည်မှုအကြောင်းကိုလည်း ပြောပြပါဦး။

ဖြေ။    ။ ကျမတက္ကသိုလ် ပထမနှစ်မှာ သရုပ်ဆောင် စလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပညာရေးကို ရပ်ဆိုင်းခဲ့ပြီးတော့ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပြည့် လုပ်ခဲ့တယ်။ ငယ်ငယ်ကတည်းက ကြီးလာရင် နာမည်ကျော် သရုပ်ဆောင် ဖြစ်ချင်တယ်လို့ အဖေ့ကို ပြောခဲ့တယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်မှာတော့ ရှက်လို့ ကျမရဲ့ အိမ်မက်ကို ထုတ်မပြောခဲ့ပါဘူး။ ပထမဆုံးအနေနဲ့ လူသိများတဲ့ Heartbreak High သြစတြးလျ ဇာတ်လမ်းတွဲမှာ အနည်းငယ် ပါဝင်သရုပ်ဆောင်ခဲ့တယ်။ အဲဒီနောက် သူတို့ရဲ့ တေးဂီတ ဖျော်ဖြေပွဲတခုမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ အရင်က တီဗီမှာ ကြည့်ခဲ့ရတဲ့ သရုပ်ဆောင်တွေနဲ့ အတူတူအလုပ်လုပ်ရတာ ကျမအတွက်တော့ မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတခုပါပဲ။

မေး။    ။ သရုပ်ဆောင်တယောက်ရဲ့ ဘဝကို ဘယ်လိုမြင်ပါသလဲ။ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပါသလဲ။

ဖြေ။    ။ ကံကောင်းစွာနဲ့ပဲ တီဗီရှိုးအချို့နဲ့ သြစတြေးလျရဲ့ သရုပ်ဆောင်တွေ ဒါရိုက်တာတွေ ထုတ်လုပ်သူ တွေနဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အလုပ်အတွေ့အကြုံအများစုကတော့ တီဗီ အစီအစဉ်တွေမှာ လုပ်ခဲ့တာပါဘဲ။ ကျမရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲထဲက တခုကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် လုပ်ဖို့ရယ်၊ ကိုယ်ကိုကိုယ်  ယုံကြည်ဖို့ရယ်၊ နောက်ပြီး ဇွဲကောင်းဖို့တွေပါပဲ။ စိတ်ခွန်အားကို ရစေတဲ့ စာအုပ်တွေ၊ အကောင်းမြင်စိတ်ကို ဖြစ်စေတဲ့ စာအုပ်တွေကို ဖတ်ပါတယ်။  အများစုကိုတော့ အဖေက လမ်းညွှန်ပေးပါတယ်။

မေး။   ။ အောင်မြင်တဲ့ အနုပညာရှင်တယောက်ဖြစ်လာဖို့ အဓိက အခြေခံလိုအပ်ချက်က ဘာလို့ ထင်ပါသလဲ။

ဖြေ။    ။ အရည်အချင်းရှိပြီး အောင်မြင်နေတဲ့ မင်းသားတွေ မင်းသမီးတွေကို အတုယူပြီးတော့ သရုပ်ဆောင်အလုပ်ကို လေးလေးစားစား လုပ်ပါတယ်။ ကျမသတိထားမိရသလောက်က သူတို့က အရမ်းဖော်ရွေပြီးတော့ လူတိုင်းကိုလည်း ကြင်ကြင်နာနာဆက်ဆံတယ်။ လူတိုင်းကိုလည်းအချိန်ပေးပြီးတော့ ဘယ်သူဘယ်ဝါဆိုတာတွေကိုလည်း မှတ်မိကြတယ်။ သူတို့က အလုပ်အရမ်းကြိုးစားကြပြီးတော့ ရုပ်ရှင်အကြောင်းနဲ့ ဇာတ်ညွှန်းအကြောင်းကို တော်တော်သိကြတယ်။ သူတို့ အနုပညာကိုလည်း တော်တော်ကို အရူးအမူးဖြစ်ကြတယ်။ ကျမအတုယူရတဲ့ အရည်အချင်းတွေ သူတို့မှာ ရှိတယ်။

မေး။     ။ ခင်ဗျားရဲ့ အားလပ်ရက်တွေကို ဘယ်လို အသုံးချပါသလဲ။

ဖြေ။      ။ အားလပ်ရက်တွေမှာ ချစ်သူနဲ့အတူတူ ဟင်းချက်စားတယ်။ ပိတ်ရက်တွေမှာတော့ သူနဲ့အတူ လမ်းလျှောက်ပါတယ်။ အချိန်ရရင်တော့ အနီးအနားက ပန်းခြံတွေမှာ အပြေးလေ့ကျင့်တာနဲ့ အားကစားရုံသွားပြီး လေ့ကျင့်ရတာ ကြိုက်ပါတယ်။ ကရင်ရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတခုကိုလည်း စလုပ်ပါမယ်။ အထူးသဖြင့် ကရင်ရိုးရာ ယဉ်ကျေးမှုကို ခြိမ်းခြောက်မှုတွေရှိနေတာနဲ့ ဒါတွေကို မြန်မာနိုင်ငံနဲ့ ကမ္ဘာမှာရော အပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းကြတယ်ဆိုတာတွေပါ။ နောက်ပြီးတော့ ကျမရဲ့ သူငယ်ချင်းတယောက်နဲ့လည်း ရုပ်သံအစီအစဉ်တခု စလုပ်သွားမှာပါ။ လွန်ခဲ့တဲ့ ၂ နှစ်က လုပ်ခဲ့ဖူးတဲ့ လျှို့ဝှက်သဲဖို ရုပ်ရှင်တခုပါ။

မေး။      ။ ခင်ဗျားအနှစ်သက်ဆုံး အားကစားက ဘာတွေပါလဲ။ နောက်ပြီးတော့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နေ့စဉ် အစားအစာတွေကရော။

ဖြေ။     ။ လွန်ခဲ့တဲ့ ၄နှစ်က သရုပ်ဆောင်တယောက်ဖြစ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ အားကစားရုံကို သွားခဲ့တယ်။ အားကစားလုပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ မရင်းနှီးတော့ ကြောက်တယ်။ ဒါပေမဲ့ ကျမကို လေ့ကျင့်ပေးတဲ့ Tom Hewett (လက်ရှိ ချစ်သူ) က ဘယ်လိုအားကစားလုပ်ရမယ်ဆိုတာ သင်ပေးပြီးတော့ အစီအစဉ်တွေကိုလည်း ရေးပေးခဲ့ပါတယ်။ အခုတော့ အားကစားလုပ်ရတာက ကျမအကြိုက်ဆုံး ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတခုပါ။ ကျမ်းမာသန်စွမ်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာကို ကျမနှစ်သက်ပါတယ်။
နေ့စဉ် အစားသောက်နဲ့ ပတ်သက်ပြီးတော့ သိပ်ပြီး အတိအကျကြီး မလုပ်ပါဘူး။ သကြားအရမ်းများတာတွေ ရှောင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အသားတွေကို အဓိကအားဖြင့် ထမင်းနဲ့ စားပါတယ်။ အဖေနဲ့အမေက  ကျမမြန်မာနိုင်ငံမှာ စားခဲ့ဖူးတဲ့ ဟင်းကောင်းတွေချက်ကြွေးတာကို သဘောကျပါတယ်။ အချို့ဟင်းတွေကို ကျမကိုယ်တိုင် ချက်တတ်အောင်လည်း သင်ပါတယ်။ အဖေ့ရွာ ရောက်တုန်းက မြည်းကြည့်ခဲ့တဲ့ ကြက်သားဟင်းကို အဲဒီကတည်းက စားချင်နေတာပါ။

မေး။   ။ မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေး လက်အောက်မှာ ဆယ်စုနှစ်တွေကြာအောင် ကျရောက်ခဲ့ပြီးတော့ အဲဒီကာကလတွေအတွင်းမှာ ကရင် ပြည်နယ် အပါအဝင် လူနည်းစုတိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ။ ခင်ဗျားရဲ့အဖေကလည်း ကရင်လူမျိုးဆိုတော့ အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နီးစပ်တဲ့အတွက် ခင်ဗျားအနေနဲ့ရော ဘယ်လိုခံစားရပါသလဲ။

ဖြေ။     ။ စစ်အစိုးရက ကရင်လူမျိုးတွေနဲ့ တခြား တိုင်းရင်းသားတွေ အပြင် မြန်မာနိုင်ငံသားတွေအပေါ်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့တယ်ဆိုတာ ကျမသိပါတယ်။ အဲဒီအပြင် လူနည်းစုတိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံရဲ့ တချို့နေရာတွေမှာ စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်နေဆဲဆိုတာလည်း ကျမသိပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် ကျမအဖေက မြန်မာနိုင်ငံကို ပြန်လို့မရခဲ့ပါဘူး။ တကယ်ဆိုရင် ကျမက သြစတြေးလျမှာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ မွေးပြီး ကြီးပြင်းခဲ့မယ်ထင်ပါတယ်။
ကျမအဖေက ကရင်ပြည်နယ်ကနေ သြစတြေးလျ နိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှာ ပညာသင်ဖို့ အာဆီယံနိုင်ငံတွင်း အဖွဲ့အစည်းဖြစ်တဲ့ Columbo Plan ကနေ ပညာသင်ဆုရခဲ့ပါတယ်။ ၁၉၆၅ မှာ မိဘတွေ လက်ထက်ခဲ့ကြတယ်။ ကျမအမေက စကော့တလန်နိုင်ငံမှာ မွေးခဲ့ပြီးတော့ သြစတြေးလျမှာ ကြီးပြင်းခဲ့တယ်။ အဖေနဲ့အတူ မြန်မာနိုင်ငံမှာ အေးအေးချမ်းချမ်းနေဖို့ ပြင်ဆင်ခဲ့ပေမယ့် နိုင်ငံရေး အခြေအနေမကောင်းတဲ့အတွက် သြစတြေးလျမှာ နေဖို့ဘဲ အဖေက ဆုံးဖြတ်ခဲ့တယ်။
အရွယ်ရောက်လာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သိချင်ခဲ့တယ်။ ဒါပေမယ့် ဖြေရှင်းပေးဖို့ ကျမအနေနဲ့ ဘယ်လို ကူညီနိုင်မလဲဆိုတာ ကျမမသေချာခဲ့ပါဘူး။ ဆစ်ဒနီမှာ ကျမကြီးပြင်းခဲ့တယ်။ အဲ့ဒါကြောင့် မြန်မာလူမျိုးတွေ ကရင်လူမျိုးတွေနဲ့ နီးစပ်မှုမရှိခဲ့ဘူး။
လွန်ခဲ့တဲ့ ၁၀နှစ်က ဆစ်ဒနီမှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့မှာ စကားပြောခွင့်ရခဲ့တဲ့အတွက် ကျမအရမ်း ကံကောင်းခဲ့ပြီးတော့ အဲဒီလိုပါဝင်ကူညီနိုင်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်။ ဆစ်ဒနီမှာရှိတဲ့ ကြီးမားတဲ့ ကရင်အဖွဲ့အစည်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတခုကတော့ ပြန်လည်နေရာချထားခံရတဲ့ ဒုက္ခသည်တွေပါပဲ။ တချို့တွေက ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာနေခဲ့ရတယ်။ တချို့ကလေးငယ်တွေ ဆိုရင် ဒုက္ခသည် စခန်းမှာဘဲ မွေးဖွားခဲ့ကြတာ။ အဲ့ဒီပွဲကို တက်ရောက်လာတဲ့ ပရိတ်သတ်တွေကို ကြည့်လိုက်ရင် ခက်ခဲတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြန်အမှတ်ရစေပါတယ်။

မေး။    ။ မြန်မာနိုင်ငံမှာ ထွက်ပေါ်လာမယ့် နိုင်ငံရေး မြင်ကွင်းသစ်နဲ့ ပတ်သက်ပြီးတော့ ဘာတွေကို မျှော်လင့်ပါသလဲ။ ဘာတွေကို စိုးရိမ်ပါသလဲ။

ဖြေ။    ။ အခုချိန်က မြန်မာနိုင်ငံအတွက်ရော ကရင်လူမျိုးတွေအတွက်နဲ့ တခြားတိုင်းရင်းသားတွေအတွက်ပါ သမိုင်းဝင်ကာလပါပဲ။ မကြာသေးခင်က ရွေးကောက်ပွဲကျင်းပခဲ့တာနဲ့ အစိုးရသစ်က ကရင်လူမျိုးတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ တရားစီရင်ရေးစနစ်တွေကို မြန်မာအစိုးရက ဦးဆောင်ပြီး ဆောင်ရွက်ဖို့ကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် မျှော်လင့်ချက်ရှိတယ်လို့ ခံစားရပါတယ်။ အရင်တုန်းက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ရရှိပြီးတော့ ကရင်လူမျိုးတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကရင်နှစ်သစ်ကူးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာပေးပို့တာကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီသဝဏ်လွှာမှာ ကရင်လူမျိုးတွေရဲ့ တမျိုးသားလုံး ကျင်းပတဲ့ အားလပ်ရက်ပွဲတော်ဟာ တိုင်ရင်းသားတွေရဲ့တာဝန်သိမြင့်မှုကို ဖော်ပြနေတယ်လို့ ရေးသား ထားပါတယ်။
အဓိက ပြဿနာကတော့  မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပါ။ ကရင်ပြည်နယ်မှာ ကရင်လူမျိုးတွေနဲ့လည်း ဆွေးနွေးတိုင်ပင်မှုတွေမလုပ်ပဲ ပညာရေးလုပ်ငန်းတွေ လုပ်နေတယ်။ ကရင် ကလေးတွေကို ကရင်သမိုင်းတွေ၊ ဘာသာစကားတွေကို မသင်ပေးပါဘူး။ အဲဒါက ကရင်လူမျိုးတွေအတွက် စိုးရိမ်စရာပါ။ ကရင်လူမျိုးတွေမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေအတွက် ကိုယ်ပိုင်သင်ရိုးညွှန်းတန်းတွေ ရှိပါတယ်။
မကြာသေးခင်က အပတ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ရေးထိုးခဲ့ပေမဲ့လည်း မြန်မာစစ်တပ်က ကရင်ပြည်နယ်နဲ့ တခြား တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတုန်းပါပဲ။
မကြာသေးခင်က နိုင်ငံရေး အခြေအနေတွေ တိုးတက်လာပြီဆိုပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ကိစ္စကို ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဘယ်ကို ပြန်ပို့မလည်းဆိုတာ မေးစရာပါ။ ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှုနဲ့ စောင့်ကြပ်ပေးမှုတွေ လိုအပ်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံသား အားလုံးကို  ကျန်းမာရေးနဲ့ ပညာရေးအတွက် အခြေခံလိုအပ်ချက်တွေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။
မကြာသေးခင်က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်ရေး ဆွေးနွေးပွဲတွေ ပြီးတဲ့နောက်မှာ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ ငွေကြေးထောက်ပံ့မှု အခြေအနေတွေလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ကျမတို့ကို ပြောပြကြတယ်၊ အန်ဂျီအို အဖွဲ့အစည်း အများစုက နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို အာရုံစိုက်ရာကနေ မြန်မာနိုင်ငံထဲကို ပြောင်းသွားခဲ့ပါတယ်။ အခုချိန်မှာ  အလှူရှင်တွေအနေနဲ့လည်း ဒုက္ခသည်အရေးကိစ္စက သိပ်စိတ်မဝင်စားတော့ပါဘူး။
နောက်ဆုံးရလဒ်မှာတော့ ထိုင်း- မြန်မာနယ်စပ်မှာ ကနဦးကတည်းကရှိနေတဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ထောက်ပံ့မှုတွေက လျော့ကျလာပြီး အဲဒီ အရေးကြီးတဲ့ ထောက်ပံ့မှုတွေက မသေချာ မရေရာတဲ့ တခြားနေရာတွေဆီကို ရောက်နေပါတယ်။ သူတို့အနေနဲ့လည်း ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စလုပ်နေပေမယ့် များပြားလှတဲ့ ဒုက္ခသည်တွေ ဆက်လက်ပြီးရပ်တည်နိုင်ဖို့ အကူအညီတွေလိုအပ်တယ်။ နေရပ်ပြန်မယ့် ဒုက္ခသည်တွေ အနေနဲ့လည်း ကြားကာလမှာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ အများကြီး လိုအပ်ပါတယ်။

မေး။    ။ နောက်ပိုင်း မြန်မာနိုင်ငံမှာ သရုပ်ဆောင်လုပ်ဖို့ ဒါမှမဟုတ် ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိပါသလား။ အကယ်၍ လုပ်ဖြစ်မယ်ဆိုရင် ဘယ်လိုအကြောင်းအရာမျိုးကို  ရုပ်ရှင်ရိုက်ချင်ပါသလဲ။

ဖြေ။  ။ အကယ်၍ ဖြစ်လာခဲ့မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ သရုပ်ဆောင်လုပ်ရမှာ ကျမတကယ် သဘောကျပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သြစတြေးလျနဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပြီးတော့ ရုပ်ရှင် ဒါမှမဟုတ် တီဗီ အစီအစဉ်လုပ်ဖို့ စိတ်ဝင်စားပါတယ်။  ကရင်လူမျိုး သရုပ်ဆောင် ဟက်ကက်က ကရင်ရုပ်ရှင်လောကတိုးတက်ဖို့ စိတ်အားထက်သန်နေတယ်။ ကျမကလည်း သူ့ကို ဝိုင်းဝန်းကူညီသွားမှာပါ။

Your Thoughts …
Tags: Interviews
စောရန်နိုင်

စောရန်နိုင်

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

Next Post
သူရညီညီ, Mister United Continents Myanmar 2016, မစ္စတာပြိုင်ပွဲ

နိုင်ငံရဲ့လူနေမှုအဆင့်အတန်းနဲ့အခွင့်အရေးကို ဖော်ပြရမယ့် မစ္စတာပြိုင်ပွဲ မြန်မာဝင်ပြိုင်

လူကိုလူလို့ များများမြင်ကြည့်ပေးပါ

လူကိုလူလို့ များများမြင်ကြည့်ပေးပါ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate