သမိုင်းမတင်မီခေတ်က လူသားများ၏ သက်သေအထောက်အထားများ ပြန်လည်ရရှိစေရန် သြစတြေးလျနိုင်ငံ Wollongong တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရှေးဟောင်းသုတေသနဌာန အမျိုးသားပြတိုက်ဦးဌာနမှ ပညာရှင်များ ပူးပေါင်းကာ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ညောင်ချက်ကျေးရွာရှိ ပြဒါးလင်းဂူသို့ သွားရောက်၍ ကျောက်လက်နက် ပစ္စည်းများ၊ တိရိစ္ဆာန် အရိုးများနှင့် အခြားသောနမူနာပစ္စည်းများ ပြန်လည်ရရှိစေရန်အတွက် လာမည် ဖေဖော်ဝါရီလ ၇ရက်နေ့မှ ၂၈ရက်နေ့အထိ တူးဖော်စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။
ပြဒါးလင်းဂူသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀ တွင်တည်ရှိပြီး ၁၉၆၉ ခုနှစ်က ညောင်ချက်ကျေး ရွာမှ ကလေးငယ် ၂ဦးက နွားကျောင်းရင်းရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်၊ ပြဒါးလင်းဂူနှင့် ဆက်စပ်ဂူများကို ဂူအမှတ် (၁)နှင့် ဂူအမှှတ် (၂)ဟူ၍ ခွဲခြားထားပြီး ဂူအမှတ် (၂)မှာ ဂူအမှတ် (၁)ထက်ပို၍ကြီးပြီး လူသူအရောက်အပေါက်နည်းသည်။