တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားနေသည့် ကျွန်းများအနီးသို့ အမေရိကန်စစ်သင်္ဘော ဝင်ရောက် လာခြင်းမှာ ဒေသတွင်းအကျပ်အတည်းပိုမိုဖြစ်စေသည်ဟု တရုတ်နိုင်ငံက ပြောဆိုကာ ပြင်းပြင်းထန်ထန် ပြစ်တင်လိုက်သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ အမေရိကန်ဖျက်သင်္ဘော တရုတ်ရေပိုင်နက်အတွင်း ခွင့်တောင်ခြင်းမရှိပဲ ဝင်ရောက်လာခြင်းသည် တရုတ်နိုင်ငံ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုသည်။
ပြီးခဲ့သည့် စနေနေ့ စောစောပိုင်းက အမေရိကန်ဖျက်သင်္ဘော USS Curtis Wilbur သည် တရုတ်က သူပိုင်သည်ဟု ပြောဆိုနေသည့် ထရိုင်တွန် ကျွန်းအနီး ရေမိုင် ၁၂မိုင်အကွာမှ ဖြတ်သန်းသွားခြင်းဖြစ်သည်။ ပင်တာဂွန်စစ်ဌာနချုပ်မှ ပြောခွင့်ရ ဗိုလ်ကြီး ဂျက်ဖ်ဒေးဗစ်က လွတ်လပ်စွာ သွားလာခွင့်ရှိတယ်လို့ အမေရိကန်စစ်သင်္ဘော ထိုသို့ဖြတ်သန်းသွားခြင်းကို ကာကွယ်ပြောဆိုသွားသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အမေရိကန်ဟာ သူ့ရေပိုင်နက်ကို ချိုးဖောက်တာဖြစ်ကြောင်း ဆိုသည်။