WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လက်ရှိဖြစ်ပွားနေသည့် ခြင်မှတဆင့်ကူးစက်သော ဇီကာဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ ကမ္ဘာ့တဝှန်း အရေးပေါ်အခြေအနေထုတ်ပြန်လိုက်ပါတယ်။ တောင်အမေရိကတိုက်တွင် ဖြစ်ပွားနေသည့် ဇီကာဗိုင်းရပ်စ်ဟာ လက်ရှိအနေအထားမှာ အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား စသည့်နိုင်ငံများတွင် တွေ့ရှိလာရပြီးနောက် ကျွမ်းကျင်သူများက လျင်မြန်စွာ ပျံနှံကူးစက်လာမည်ကို စိုးရိမ် နေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းက ဂျမ်ဘီပြည်နယ်မှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုကို လေ့လာရင်း ၂၇ နှစ်အရွယ်ရှိ အမျိုးသားတဦးထံမှာ ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ တာဖြစ်ပါတယ်။ ခြင်မှ တဆင့်ဖြစ်ပွားတဲ့ ဇီကာဗိုင်းရပ်စ်ကြောင့် ကလေးငယ်တွေမှာ Microcephaly လို့ခေါ်တဲ့ ခေါင်းသေး၊ ဦးနှောက်သေး၊ အာရုံချို့ယွင်းမှုများကို ဖြစ်ပေါ်စေပါတယ်။ WHO ကတော့ အီဘိုလာရောဂါလို အဆင့်မျိုးသတ်မှတ်ပြီး သတိပြုဖို့ ပြောဆိုထားပါတယ်။ ဒီရောဂါဟာ တောင်အမေရိကတိုက်က ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက လူပေါင်း ၄၀၀၀လောက်ထံမှာ တွေ့ခဲ့ရတာဖြစ်ပြီး၊ လူပေါင်း ၄သန်းလောက် ကူးစက်ခံရနိုင်တယ်လို့ WHO က သတိပေးထားပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။