အိန္ဒိယနိုင်ငံ Pune မြို့ှ Abeda Inamda ကောလိပ်မှ ကျောင်းသား ၁၂၀ ကျော်ဟာ အနောက်ဖက် ပင်လယ်ကမ်းခြေရှိ Murud သို့ မနေ့က အပန်းဖြေခရီး သွားရောက်ရင်း ရေကူးဆင်းရာမှ ကျောင်းသား ၁၃ဦး ရေနစ်သေဆုံးခဲ့တယ်လို့ အိန္ဒိယ သတင်းတွေကဆိုပါတယ်၊ သေဆုံးသူတွေဟာ ကျောင်းသူ ၁၀ဦး နဲ့ ကျောင်းသား ၃ဦးဖြစ်ပြီး အသက် ၁၈နှစ်နဲ့ ၂၀နှစ်အကြားရှိ ကွန်ပြူတာသိပ္ပံကျောင်းသားတွေဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ အုပ်ထိန်းသူ ဆရာ ၈ဦးနဲ့အတူ ပုံမှန်အပန်းဖြေခရီးထွက်လာတာဖြစ်ပြီး နေ့လည်ပိုင်းမှာ ကျောင်းသားကျောင်းသူတချို့ ရေဆင်းကူးရင်း ပင်လယ်ဒီရေရဲ့ဆွဲအားကြောင့် ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်၊ အခုအခါမှာတော့ သူတို့ကို ဒေသခံရဲတပ်ဖွဲ့နဲ့ ပင်လယ်ငါးဖမ်းလုပ်သားများက ကူညီရှာဖွေမှုတွေလုပ်နေပါတယ်။