Women

ပထမဆုံး တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် စန္ဒီမြင့်လွင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဟစ်ဟော့ပ်အဆိုရှင် စန္ဒီမြင့်လွင်က တကိုယ်တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲက စန္ဒီမြင့်လွင်ရဲ့ ပထမဆုံး တကိုယ်တော်ဖျော်ဖြေပွဲဖြစ်ပြီး ဒီပွဲကို ရန်ကုန်မြို့ရှိ ကန်တော်ကြီးမျှော်စင်ကျွန်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မိန်းကလေး ဟစ်ဟော့ပ် အဆိုရှင်ထဲမှာ စန္ဒီမြင့်လွင်က ပရိသတ်အခိုင်အမာ ရရှိထားသူတယောက်လည်းဖြစ်ပြီး လက်ရှိမှာ တကိုယ်တော်တေးစီးရီး လေးခွေ ထွက်ရှိပြီးလည်း ဖြစ်ပါတယ်။

တကိုယ်တော်ဖျော်ဖြေပွဲကို ဘယ်သူနဲ့မှမတူတဲ့ ဆန်းပြားတဲ့ စင်အပြင်အဆင်၊ တင်ဆက်ပုံများနဲ့ ဖျော်ဖြေ သွားချင်တယ်လို့ ပြောထားဖူးတဲ့အတိုင်းပဲ ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး စန္ဒီမြင့်လွင်က “သီချင်းအားလုံး အပုဒ် ၃၀ကျော် ဖျော်ဖြေမယ်။ ဒီပွဲမှာ dancer တွေပါမယ်၊ အကအဖွဲ့ လေးဖွဲ့ပါမယ်။ တခြား ပါဖောမန့်တွေလည်း အများကြီး ထည့်ထားမယ်၊ ဒီပွဲကို အကောင်းဆုံးပဲ တင်ဆက်သွားမယ်။ နောက်ပြီးဒီပွဲမှာ အဆိုပိုင်းကိုပဲ အဓိက ဦးစားပေး သွားမယ်။ ပါဖောမန့်လုပ်ရတာကိုကြိုက်ပေမယ့် ကိုယ်တိုင်က သေချာ မကတတ်တော့  အဆိုပိုင်း ဦးစားတဲ့အနေနဲ့ Band နဲ့သီချင်းတွေဆိုပြီး ၄ကြိမ် ထွက်ပါမယ်။ ပွဲကို အချိန် နှစ်နာရီနဲ့ သုံးနာရီကြား တင်ဆက်သွားမယ်။ ဒီးဒီ သီချင်းတွေက Feautring တွေနဲ့ဆိုတာများတော့ သူငယ်ချင်းတွေ တော်တော်များများ ပါဝင်ပေးကြလိမ့်မယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

ဒါ့ထက် ယခုနောက်ဆုံးထွက်ရှိထားသော Queen အမည်ရှိ တေးစီးရီးထဲက “နှိုက်မှာပဲ” ဆိုတဲ့ သီချင်းကလည်း လက်ရှိမှာ ပေါက်သီချင်းတပုဒ်ဖြစ်နေပါတယ်။

စန္ဒီမြင့်လွင်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲ လက်မှတ်များကို ဖေဖော်ဝါရီလ ပထမပတ်မှာ စတင် ရောင်းချ ပေးသွားမှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ လူငယ်ပရိသတ်များ ကြည့်ရှု့နိုင်မယ့် ဈေးနှုန်းကိုသတ်မှတ်ပြီး ရောင်းချပေးသွားမှာဖြစ်ကာ VIP သီးသန့်ထား ရောင်းချမှာမဟုတ်ဘဲ အားလုံးတပြေးညီ သတ်မှတ် ထားကြောင်းသိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading