မြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်၍ ခြိမ်းခြောက်လာပါက ဂျပန်အနေနဲ့ ပစ်ချဖို့ အသင်ပြင်ထားကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Reuters သတင်းကဆိုပါတယ်။ ဂျပန်ကာကွယ်ရေး ဝန်ကြီး နာကာတာနီက ဂျပန်ပင်လယ်ပြင်ရှိ ဖျက်သင်္ဘောများ အပါအဝင် ကုန်းတွင်းပိုင်းတွင် ချထားသည့် ပက်ထရီရော့ ဒုံးပျံတပ်ဖွဲများကို အဆင်သင့်ပြင်ထားဖို့ ဒီကနေ့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်မှု ပြုလုပ်ပါကာ ခြိမ်းခြောက်လာပါက ဂျပန်အနေနဲ့ ပစ်ချရန် အဆင်သင့်ပြင် ထားဖို့ ဒုံးပျံကာကွယ်ရေး တပ်ဖွဲ့ကို ဂျပန်ကာကွယ်ရေး ဝန်ကြီး နာကာတနီ က ဒီကနေ့ အမိန့်ပေး လိုက်ပါတယ်။ ဂျပန်ပင်လယ်ပြင်ရှိ ဖျက်သင်္ဘောများနှင့် ပက်ထရီရော့ ဒုံးပျံကာကွယ်ရေးတပ်များအနေနဲ့ အဆင်သင်ပြင်ထားဖို့ အမိန့်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က မြောက်ကိုရီးယားက ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်မယ်လို့ ကုလသမဂ္ဂ အား ပြောဆိုလိုက်ပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီလို ဂြိုလ်တု လွှတ်တင်မယ်ဆိုတာဟာ တာဝေးပစ်ဒုံးပျံလွှတ်ဖို့အတွက် တိုးတက်မှုတရပ်ဖြစ်တယ်လို့ နိုင်ငံတကာ ကယူဆပြီး စိုးရိမ်မှုများဖြစ်ပေါ်နေတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကတော့ မြောက်ကိုရီးယားလုပ်ရပ်ဟာ နိုင်ငံတကာစည်းမျဉ်းကို အလွန်အကျွံချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။