Politics

ဦးရွှေမန်း ဒုတိယသမ္မတ ဖြစ်လာမလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တပူးတတွဲတွဲမြင်ရလေ့ရှိနေတဲ့ သူရဦးရွှေမန်းဟာ လာမယ့် အစိုးရသစ် လက် ထက် မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားမှု ရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးရွှေမန်းကို ဒုတိယသမ္မတ အထိ ပေးနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်လိုက်တဲ့ NLD အမတ်အများစုပါဝင်တဲ့ ဒုတိယအကြိမ် လွှတ်တော် အစည်း အဝေးတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ခြင်း ရဲ့ နောက်ကွယ်မှာ အဓိက ပံ့ပိုးသူအဖြစ် ဦးရွှေမန်းက ပါဝင် နေတဲ့ အပြင် ပြည်ထောင်စု အစိုးရသစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရသစ်တွေ၊ ပြည်နယ်/တိုင်း လွှတ်တော် တွေပေါ်ထွန်းရေးအတွက် ဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်တိုက် အားတိုက် ကူညီ နေတာကို မြင်တွေ့နေရပါတယ်။

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် ဦးရွှေမန်းက ပံ့ပိုးကူညီ လုပ်ဆောင်ခဲ့တဲ့အပြင် သူ ပထမဆုံး တည်ထောင်ထားတဲ့ လွှတ်တော်ယန္တရားကြီး NLD အမတ်တွေ ဦးဆောင်မှု အောက်မှာ လည်ပတ်နိုင်အောင်  ဦးရွှေမန်းက သူကိုယ်တိုင်နေ့စဉ် ပံ့ပိုးကူညီပေးနေပါတယ်။ ဦးရွှေမန်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့စဉ်က ရှိခဲ့တဲ့ ရုံးအဖွဲ့ ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အသစ် ဖြစ်လာ တဲ့ ဦးဝင်းမြင့်ဆီကို စနစ်တကျ လွှဲပေးတဲ့အပြင် သူ့လူတွေ ဥက္ကဋ္ဌ သစ်ကို မငြိုမငြင်နဲ့ ကျိုးနွံ့ဖို့အတွက် သူ့မျက်နှာ ပြပြီး လွှဲပေးခဲ့တာပါ။  ဦးရွှေမန်းရဲ့လူရင်းတဦးဖြစ်တဲ့ ဦးတီခွန်မြတ်ကိုယ်တိုင်ကလည်း ဒုတိယအကြိမ် လွှတ်တော်သစ်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်လာတာကလည်း ထူးခြားမှု တခုပါပဲ။

အလားတူ ပြည်ထောင်စု လွှတ်တော်နာယက အဖြစ် ဆောင်ရွက်မယ့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ထံကိုလည်း တာဝန်တွေကို စနစ်ကျ လွှဲပြောင်းခဲ့ပြန်ပါတယ်။ အမည်ခံ တာဝန်လွှဲပြောင်း တာမျိုးမဟုတ်ဘဲ  လွှတ်တော် ယန္တရားတခုလုံး လည်ပတ်နိုင်အောင် စနစ်တကျ ဝင်ရောက်စီမံခန့်ခွဲပေးပြီး လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဦးရွှေမန်းရဲ့ ပံ့ပိုးမှုကြောင့်ပဲ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးက ပေါ်ပေါ်တင်တင် ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။ အလားတူပါပဲ အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်တဲ့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်/တိုင်း အစိုးရ တွေ ပေါ်ထွက်လာဖို့ကိုလည်း ဦးရွှေမန်းက အားသွန် ခွန်စိုက်ကူညီနေပါတယ်။

NLD  ပါတီက ပြည်နယ်/တိုင်းအစိုးရ၊ ပြည်နယ်/တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရာထူးတွေမှာ ခန့်အပ်ဖို့ လျာထားသူ ၅၀ ကို စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေး သင်တန်းပေးခဲ့ရာမှာ ဦးရွှေမန်းက သူရဲ့ မိတ်ဆွေတွေကို ဖိတ်ေါ်ပြီး စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး သင်တန်းမှာ သင်တန်းဆရာအဖြစ် ခေါ်ယူသင်ကြားပို့ချစေခဲ့သလို သူကိုယ်တိုင်လည်း သင်တန်း သား အမတ် ၅၀ ကို တက်ရောက် အမှာစကားပြောတာ၊ အတွေ့အကြုံဝေမ ျှတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

ယခင်ပထမအကြိမ် လွှတ်တော်မှာ ဦးရွှေမန်းအားကိုးအားထားပြုခဲ့ရတဲ့ ဦးအေးမောက်၊ ဦးဝင်းသန်း၊ ဦးတင် မောင်ဦး၊ ဦးကြည်သာ အပါအဝင် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌတွေဟာ ဦးရွှေမန်းနဲ့အတူ ဒေါ်အောင်ဆန်း စုကြည်ကို လိုအပ်တဲ့ အကူအညီ ၊အထောက်အကူတွေ ပေးနေရတယ်လို့ NLD အမတ်တချို့ထံမှ သိရပါတယ်။

တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးရွှေမန်းကို အထူးအားထားရနေပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ ဆက်ဆံနေရတဲ့ ကိစ္စတွေမှာ တပ်မတော်အကြောင်း အူမချေးခါးမကျန် အကုန်သိနေတဲ့ ဦးရွှေမန်းကို မဖြစ်မနေ တိုင်ပင်ပြီး အကြံဉာဏ်ယူနေရပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်စစ်ရုံးချုပ်မှာ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ မတွေ့ဆုံမီ ဒေါ်အောင်ဆန်း စုကြည်ဟာ ဦးရွှေမန်းနဲ့ အရင် လွှတ်တော်ထဲမှာ နာရီအတော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဦးရွှေမန်းနဲ့ တွေ့ဆုံပြီးမှ ဒေါ်အောင်ဆန်းစုကြည်က တပ်ချုပ်မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သူရဦးရွှေမန်းဟာ အခုမှ ဒေါ်အောင်ဆန်းစုကြည်ကို အားတက်သရော ကူညီနေတာမဟုတ်ပါဘူး။
၂၀၁၂ ကြား ဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူနည်းစု အမတ် တွေကို သူရဦးရွှေမန်းက ပစ်ပယ်မထားဘဲ နေရာပေးခဲ့ရာကနေ စတင်ခဲ့တဲ့ ဆက်ဆံရေးတွေက သမ္မတ ဦးသိန်း စိန် အစိုးရနဲ့ ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကြားမှာ အကွဲအပြဲတွေ၊ အတွန်းအတိုက်တွေ ဖြစ်ပေါ် ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း ဆက်ဆံရေးက တရစ်ပြီး တရစ် ခိုင်မာလွန်းခဲ့ပါတယ်။

ပွတ်တိုက်မှု အရှိန် အမြင့်ဆုံးအဖြစ် ၂၀၁၅ ခုနှစ်အတွင်း သန်းခေါင်ယံ ကြံ့ခိုင်ရေးပါတီ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဦးရွှေမန်းကို ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားလိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခက်အခဲတွေကြောင့် ဘယ်သူ က မိတ်ဆွေ၊ ဘယ်သူ ရန်သူဆိုတာ ပိုပြီး သိသာထင်ရှားလာရတယ်လို့ ဆိုခဲ့ပါသေးတယ်။

ဒီမိုကရေစီအပြောင်းအလဲကို ရှေ့ဆက်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ ယုံကြည်မှု အပြည့်အ၀ ရရှိအောင်လည်း ဦးရွှေမန်းက ကူညီခဲ့ပါသေးတယ်။ အဲဒီကူညီမှုက သမိုင်းဝင် အပြောင်းအလဲတခုလို့တောင် ဆိုရမယ့် ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံပေးမှုပဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေ တွေ့ဆုံမှုမှာ ဦးသန်းရွှေက ဒါ်အောင်ဆန်းစုကြည်ကို အနာဂတ် မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် အားလုံးက လက်ခံရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာလွှဲပြောင်းရေးနဲ့ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်လာရေး ယုံကြည်မှု ပိုမိုမြင့်တက်စေခဲ့တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။

ဦးရွှေမန်းရဲ့ အခန်းကဏ္ဍက NLD ပါတီ လွှတ်တော်ထဲ စတင်ဝင်ရောက်ချိန် ၂၀၁၂ ခုနှစ်ကစလို့ အခု အချိန်အထိ အပြောင်း အလဲများစွာအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အရေးကြီးဆုံးနဲ့ အဓိက အကျဆုံး အထောက်အပံ့ပေး ခဲ့တဲ့သူဆိုရင် မမှားနိုင်ပါဘူး။

သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုနေရာမှာ တာဝန်ပေးမလဲဆိုတာ တရားဝင် ထုတ်ပြန် ခြင်းမရှိသေးသလို ဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆင်ခြင်ဉာဏ်ကြီးမားတဲ့သူဖြစ်တဲ့အတွက် သူ့လို ဗိုလ်ချုပ်ကြီးဟောင်း တယောက်ကို ကောင်းကောင်းအသုံးချလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ သူ့အနေနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည် အသုံးချတာကို ခံမှာဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သူရဦးရွှေမန်းကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ အပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းတခုခုရဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိနေပါတယ်။

ဒါပေမယ့်လည်း လွှတ်တော်အပြောင်းအလဲ၊ အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ရေးအတွက် ဦးရွှေမန်းရဲ့ ပါဝင်မှု အခန်းကဏ္ဍက ကြီးမားလွန်းလှတာမို့  ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တခုရဲ့ ဥက္ကဋ္ဌ လိုနေရာမျိုး အစား NLD သမ္မတနှင့် NLD အစိုးရကို အထောက်အကူပေးမယ့် ဒုတိယသမ္မတ လို ရာထူးမျိုးကို ပေးအပ်နိုင်ခြေ ရှိနေတယ် ဆိုတဲ့ သုံးသပ်မှုတွေအပေါ်  NLD အမတ်တွေကိုယ်တိုင် မငြင်းပယ်နိုင်ကြပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading