ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရန်နဝါ ခရိုင် Narathiwat Ratchanakharin ၁၈ လမ်းတွင် ၁၀ထပ် အဆောက်အအုံတခု၏ ယနေ့နံနက် ၁၀နာရီ ခွဲခန့်က မီးလောင်ကျွမ်းရာ လူတဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ၈ထပ်မြောက်တွင်လောင်ကျွမ်းခြင်းဖြစ်ပြီးနေ့လည် ၁နာရီခန့်အထိလောင်ကျွမ်းနေသည့်အတွက် မီးသတ်များက ဆက်လက်ငြိမ်းသတ်နေရကြောင်းသိရသည်။ အဆောက်အဦးပိုင်ရှင်မှာ ယခင် ဒီမိုကရက်ပါတီမှ အမတ်တဦးပိုင်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။