
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့တို့မှ မီးဘေးသင့် ပြည်သူများကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းက သွားရောက် ကူညီလျက်ရှိကြောင်း သိရသည်။
ကမ္ဘောဇဘဏ် သီပေါဘဏ်ခွဲမှ ဝန်ထမ်းများ၊ ဖောင်ဒေးရှင်း အဖွဲ့ဝင်များနှင့် ဒေသခံများပူးပေါင်း၍ မီးဘေးသင့် ဒေသများသို့ ယနေ့နံနက်က သွားရောက်ကာ နံနက်စာ၊ နေ့လည်စာ၊ ညစာများ ချက်ပြုတ် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ ကမ္ဘောဇဘဏ် မြောင်းမြဘဏ်ခွဲမှ ဝန်ထမ်းများနှင့် ဖောင်ဒေးရှင်းအဖွဲ့ဝင်များ လပွတ္တာမြို့ မီးဘေးသင့်ဒေသသို့ ယနေ့ နံနက်သွားရောက်ကာ အစားအစာများ ချက်ပြုတ်ကျွေးမွေးခဲ့သည်သိရှိရသည်။
မီးဘေးသင့် မြို့နှစ်မြို့မှ အိမ်ထောင်စုများအတွက် ကနဦး လှူဒါန်းမှု အဖြစ် လှူဒါန်းငွေ ၅ သိန်းစီ၊ ဆန် ၁ အိတ်၊ ဆီ ၁ ပုံး၊ ငါးခြောက် ၅ ပိဿာ၊ ကုလားပဲ ၅ ပိဿာနှင့် သောက်ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နမ့်ဆန်မြို့တွင် အိမ်ခြေ ၃၀၀ ပျက်စီးပြီး လပွတ္တာမြို့တွင် အိမ်ခြေ ၁၇၉ အိမ်နှင့် ဆိုင်ခန်း ၁၆ ခန်း ပျက်စီးခဲ့သည်။