ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း ဘာဘေးရီးယား ပြည်နယ်တွင် ခရီးသည်တင် ရထား ၂စီး ခေါင်းချင်းဆိုင်တိုက်မိရာ အနည်းဆုံး ခရီးသည် ၄ ဦး သေဆုံးကာ လူပေါင်း ၁၅၀ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ ရထားချင်းတိုက်မှုမှာ မြူးနစ်မြို့နှင့် ၂၅မိုင်ခန့်အကွာ Bad Aibling မြို့အနီးတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဘာဘေးရီးယား ရဲတပ်ဖွဲ့အဆိုအရ ဘာကြောင့် ရထားတိုက်မှုဖြစ်တယ်ဆိုတာ မသိသေးပါဘူး၊ လတ်တလော အလောင်း ၄လောင်းရှာတွေ့ခဲ့ပြီး ခရီးသည်တော်တော်များများ ဆိုးရွားစွာ ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
ပထမပိုင်း ၈ဦးအထိ သေဆုံးတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။