Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်
This article has been converted from Zawgyi One to Unicode
၃၅ကြိမ်မြောက် ရွှေမြွေဟောက် (Cobra Gold) စစ်ရေး လေ့ကျင့်မှုကို ထိုင်းမရိန်းတပ်ဖွဲ့များ အခြေစိုက်ရာ ချွန်ဘူရီ ပြည်နယ်မှာ ယနေ့နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာအပါအဝင် လာအို၊ ဘရူနိုင်း၊ ချီလီ၊ နယ်သာလန်၊ ဆော်ဒီ၊ တောင်အာဖရိက၊ ယူအေအီးန့ ဗီယက်နမ် နိုင်ငံတွေကတော့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါတယ်။
အရှေ့တောင်အာရှမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ရွှေမြွေဟောက် စစ်ဆင်ရေးကို ယခုနှစ်မှာတော့ လေ့လာသူတွေအပါအဝင် နိုင်ငံ ပေါင်း ၂၇ နိုင်ငံက တက်ရောက်ခဲ့ပြီး၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း နဲ့ အမေရိကန် စတဲ့ နိုင်ငံ ၇ နိုင်ငံက စစ်သား ၈၅၆၄ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
မြန်မာကတော့ ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ပြုလုပ်တဲ့ ၃၂ ကြိမ် ရွှေမြွေဟောက် စစ်ဆင်ရေးက စတင်ကာ လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် ပတ်သက်သည့် လေ့ကျင့်မှု အပိုင်းကို ဗိုလ်ချုပ် ရာထူး အဆင့်ရှိ စစ်ဘက် အရာရှိနှစ်ဦးတို့စေလွှတ်လေ့ လာခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ဖွင့်ပွဲမှာတော့ ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီး Sommai Kaotira နဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ကြီး ဂလင်းဒါဗီးစ် တို့ တက်ရောက်ခဲ့ပြီး၊ အမေရိကန်သံအမတ်ကြီးက “ဒီကနေ့ဟာ နှစ်နိုင်ငံဆက် ဆံရေး အတွက် နက်ရှိုင်းကျယ်ပြန့်တဲ့ နေ့တနေ့ဖြစ်ပြီး၊ ဖွင့်ပွဲမှာ အားလုံးနဲ့ အတူရှိတဲ့အတွက် ဂုဏ်ယူကြောင်း၊ အမေရိကန်ဟာ ဒေသတွင်းမှာ မယိုင်းမယိမ် ရပ်တည်ပေးခဲ့တာဖြစ်ပြီး ၊ သူတို့ရဲ့ မဟာမိတ် ထိုင်းနိုင်ငံမှာလည်း ရွေးကောက်ခံ အစိုးရတရပ်ပေါ်ထွန်းလာကာ ဒေသတွင်းခေါင်းဆောင်မှုနေရာကို ပြန်လည်ရလာမယ်လို့ လည်း ပြောဆိုသွားပါတယ်။