ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ်အတွင်းရှိ အနောက်လက်ခုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် တက်ကြွလှုပ်ရှားသူ ၅ဦးကို ပြည်မြို့နယ်တရားရုံးက ယနေ့ ထောင်ဒဏ် ၃လစီ ချမှတ်လိုက်သည်။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများအား ကျေးရွာစားကျက်မြေကို အကွက်ရိုက်ရောင်းခြင်း၊ ကျေးရွာရန်ပုံငွေများကို အလွှဲသုံးစားပြုလုပ်သည်ဟု စွပ်စွဲချက်များဖြင့် အဆိုပါ တက်ကြွလှုပ်ရှားသူ ၅ ဦးက တရားဝင်ခွင့်ပြုချက်မယူပဲ ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ပြည်မြို့ အမှတ် ၁ ရဲစခန်းမှ ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အမှုကို တနှစ်ခွဲခန့်အကြာမှ ထောင်ဒဏ်စီရင်ခြင်းဖြစ် သည်။၎င်းတို့အထဲမှ ကိုဝင်းလှိုင်နှင့် ကိုမျိုးနိုင်မှာ ၂ကြိမ်ဆန္ဒဖော်ထုတ်သည့် အတွက် ထောင်ဒဏ် ၆လ ချမှတ်ခံရသည်။
ဧရာဝတီသတင်းထောက် ကောင်းမြတ်မင်းပေးပို့သည်။