၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပြန်လည်ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ရခိုင်ပြည် နယ် စစ်တွေမြို့တွင် ကျင်းပခဲ့ရာ ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် ဒုတိယ ဥက္ကဌတို့ကို ရွေးချယ်ခဲ့ကြသည်။ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ အဖြစ် ရခိုင်အမျိုးသားပါတီ(ANP)မှ ပုဏ္ဏားကျွန်း မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစံကျော်လှမှာ ရွေးချယ်ခံခဲ့ရသည်။
ထို့ကြောင့် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌအဖြစ် တင်မြောက်ခံရသူ ဦးစံကျော်လှကို ၎င်း၏ ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မည့် အခြေ အနေများနှင့် လွှတ်တော်တာဝန်များကို စစ်တွေမြို့ အခြေစိုက် သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ လွှတ်တော် ဥက္ကဌ တယောက်အဖြစ် တာဝန်ပေးအပ်လိုက်ပြီ ဆိုတာကို သိလိုက်ရတဲ့အချိန် စိတ်ထဲမှာ အရင် ဖြစ်ပေါ်လာတဲ့
ခံစားချက် အပါအဝင် ငါဥက္ကဌ ဖြစ်ပြီးရင် ဘယ်ကိစ္စကို အရင်လုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုး ပေါ်ပေါက်ခဲ့တာ ရှိပါသလား။
ဖြေ ။ ။ လွှတ်တော်ဥက္ကဌအဖြစ် ရွှေးချယ်ခြင်း ခံရတာကို သိလိုက်ရတဲ့ အချိန်မှာ ငါ့ခေါင်းပေါ်မှာ ငါ့ပခုံးပေါ်မှာ တာဝန်တွေ ရောက်လာပြီ
ဆိုတာ ပထမဆုံး ခံစားလိုက်ရတယ်။ ဒီတာဝန်ကို ပေးအပ်ရင် ကျေပွန်စွာ ထမ်းဆောင်ဖို့ ဆိုတာကလည်း ဆုံးဖြတ်ချက်က ချပြီးသား။ ပထမဆုံး လုပ်ချင်တာက ဖြစ်နိုင်သည် ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ လုပ်ချင်တဲ့သဘောကို ပြောရမယ်ဆိုရင် ငါတို့နိုင်ငံတော်ကြီးဟာ ဒီမိုကရေစီ ဖက်ဒ ရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး တနိုင်ငံဖြစ်ဖို့ လိုတယ်။ ဒါကို တစိုက်မတ်မတ် ကြိုးစားပြီးတော့ တလှမ်းချင်း၊ တလှမ်းချင်း ဆောင်ရွက်သွား မယ်ဆိုပြီး အဲလိုပဲ စိတ်ထဲမှာ ခံစားရတယ်။
မေး ။ ။ ဥပဒေပြု လွှတ်တော်ကို ရယူထားတဲ့ လွှတ်တော် ဥက္ကဌ တယောက်အနေနဲ့ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်လာမယ့် အစိုးရ အဖွဲ့သစ်နဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ဘယ်လို ထိန်းကျောင်းမလဲ။
ဖြေ ။ ။ လွှတ်တော်ဥက္ကဌ တယောက်အနေနဲ့ လွှတ်တော်ပိုင်း၊ ပေါ်ပေါက်လာမယ့် ပြည်နယ် အစိုးရအဖွဲ့ အပြန်အလှန် ထိန်းကျောင်း ပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြည်နယ်အတွယ် အမှန်တကယ် လိုအပ်တဲ့ ဥပဒေတွေကိုလည်း ကျွန်တော်တို့ ပြဌာန်းသွားရမှာ ဖြစ်ပါတယ်။ သို့သော် ကျနော်တို့ ပြည်နယ် လွှတ်တော်အနေနဲ့ လုပ်နိုင်တဲ့ အနေအထားဟာ ကျနော်တို့ မျှော်မှန်းသလောက် မဖြစ်နိုင်သေး ပေမဲ့ ပေးထားတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားပါမယ်။
မေး ။ ။ အခုလာမယ့် လွှတ်တော်သက်တမ်းမှာ ပြည်နယ် လွှတ်တော်အနေနဲ့ ဘယ်လောက်ထိ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ ကျနော်တို့မှာကတော့ လုပ်ချင်စရာကတော့ အများကြီး ရှိတယ်။ လုပ်စရာတွေလည်း အများကြီး ရှိတယ်။ သို့သော် မျှော်မှန်းတယ်
ဆိုတာက ကျွန်တော်တို့ မျှော်မှန်းသလောက် ဖြစ်ချင်မှ ဖြစ်မှာ။ အခု အားလုံးသိတယ်လေ။ ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံ အခြေအနေအရ ကျနော်တို့ကို လုပ်ပိုင်ခွင့် ဘယ်လောက် ပေးထားသလဲ။ ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ကျနော်မှာ လုပ်ချင်စရာတွေ အများကြီး ရှိပါတယ်။ သို့သော် အခုအခြေအနေမှာ လုပ်ချင်သလို လုပ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်သေးဘူး။ ကြိုးစား ရဦးမှာပါ။
မေး ။ ။ လာမည့် ရခိုင်ပြည်နယ် နိုင်ငံရေး အခင်းအကျင်းမှာ ANP ပါတီက အစိုးရအဖွဲ့မှာ မပါဘဲ အတိုက်အခံ အဖြစ်နဲ့ နေသွားမယ်။ ကြေ ငြာချက် ၁/၂၀၁၆ ၊ ၂ /၂၀၁၆ တွေလည်း ထုတ်ထားတယ်။ လွှတ်တော်ထဲမှာက အစိုးရ ဖွဲ့ခွင့်ရတဲ့ တခြားပါတီက ကိုယ်စားလှယ်တွေလည်း ရှိမယ်။ လွတ်တော်ထဲမှာ သူ့ပါတီ၊ ကိုယ့်ပါတီမှဆိုပြီး အငြင်းပွားမှုတွေ ရှိလာတဲ့အခါ စိတ်ဝမ်းမကွဲအောင် လွှတ်တော်ဥက္ကဌ တယောက်အနေနဲ့ ဘယ်လို ထိန်းညှိပေးသွားမလဲ။
ဖြေ ။ ။ ကျနော်တို့ ကြေငြာချက်နဲ့ ပတ်သက်ပြီးကတော့ ဒါက ပါတီရဲ့ ဒီဘက်က သဘောထား။ သို့သော် ကျွန်တော်က ပြည်နယ် လွှတ် တော် ဥက္ကဌ တယောက်ဆိုတော့ ကျွန်တော်ဟာ ပါတီရဲ့ သဘောထား တခုတည်းနဲ့ ကျနော် ကြည့်လို့ မရတော့ဘူး။ လွှတ်တော် ကိုယ်စားပြု တယောက်အနေနဲ့ပဲ ကျနော် ပြောရတော့မယ်။ အဲဒီတော့ ကြေငြာချက်တွေအပေါ် သိပ်ပြီးတော့ သဘောထား မပေးချင်ပါဘူး။ သို့သော် ဖြစ် ပေါ်လာမယ့် အစိုးရ ဘယ်အစိုးရပဲ ဖြစ်ဖြစ် ကျနော်တို့ကတော့ ညှိနှိုင်း တိုင်ပင်ပြီးတော့ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည် ကောင်းဖို့အတွက် ဖြစ်နိုင်တဲ့ဘက်က ကျနော်တို့ ဆောင်ရွက်သွားရပါမယ်။
မေး ။ ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတော့ လွှတ်တော် ဥက္ကဌကြီး တယောက်အနေနဲ့ ပြည်သူတွေရဲ့ အသံတွေကို ဘယ်လို နားထောင်မလဲ။
ဖြေ ။ ။ ကျနော်တို့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသံနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ လွှတ်တော်မှာ အမတ်တွေ ရှိတယ်။ အဲဒီအမတ်တွေ ရဲ့နောက်မှာ ပြည်သူတွေ ရှိတယ်။ ပြည်သူကတဆင့် လွှတ်တော်အမတ်တွေဆီ ရောက်လာမယ်။ အမတ်တွေကတဆင့် လွှတ်တော်ထဲကို ရောက်လာမယ်။ အဲဒီတော့ ပြည်သူတွေရဲ့ အသံကို လွှတ်တော် အမတ်တွေဆီကတဆင့် နားထောင်ရပါမယ်။ လိုအပ်ရင် ကျနော်တို့ ပြည်သူ တွေရဲ့ အသံကို တိုက်ရိုက် လည်းကောင်း၊ လူမှု အဖွဲ့အစည်းတွေဆီက သော်လည်းကောင်း နားထောင်သွားမယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲ ကာလတုန်းကပေါ့။ မဲဆန္ဒရှင် ပြည်သူတွေကို ဘယ်လို ကတိကဝတ်တွေ ပေးထားခဲ့တာ ရှိပါသလဲ။ အရွေးခံခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေအတွက်ရော ဘာတွေ လုပ်ပေးဖို့ စိတ်ကူးထားတာ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ပေးထားတဲ့ ကတိကဝတ်ကတော့ အဓိက မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်ဖို့အတွက် အားကျိုးမာန်တက် ဆောင်ရွက်သွားမယ်။ ပေးထားတဲ့ ကတိအတိုင်းပဲလည်း ကိုယ့်လူမျိုး ကိုယ့်နိုင်ငံတော် တိုးတက်ရေး တို့အ တွက် ဆောင်ရွက်သွားပါမယ်။ ကျနော်တို့ မဲဆန္ဒနယ်ထဲက ပြည်သူတွေ အတွက်ကတော့ ကျွန်တော့်အနေနဲ့ ကြိုတင် စီစဉ် ထားတာ ရှိပါတယ်။ ကျနော်တို့မှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားလှယ်တွေဆိုတာ ရှိပါတယ်။ ကျနော်က ဇာတိမြေက တက်လာတယ်ဆိုတော့ ကျနော် နယ်မှာ လိုအပ်တဲ့ ဝန်ထမ်းတွေခန့်ပြီး ရုံးခန်းဖွင့်ပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေအတွက် ဆောင်ရွက်ပေးပါမယ်။
မေး ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ အနေနဲ့ရော ဘယ်လို လက်တွဲလုပ်ကိုင်သွားမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ ရတယ်။ NLD ပါတီ ဆိုတာကလည်း ကျနော်တို့နဲ့ သူစိမ်းမှမဟုတ်တာ။ ပြီးခဲ့တဲ့ လွှတ်တော် တလျှောက်မှာလည်းပဲ လက်တွဲ ပြီးတော့ လုပ်လာခဲ့တာ ရှိတယ်လေ။ တူလာလည်းတွေ ရှိမယ်။ မတူတာလည်းတွေ ရှိတယ်။ တူတာလေးတွေကို အရင်လုပ်ပြီး မတူတာ လေးတွေကို ခေတ္တချန်ပြီး ညှိနှိုင်းလုပ်ကိုင်သွားပါမယ်။ ဒီနေ့ အခြေအနေဟာ ရန်သူအဆင့်ရှိတဲ့ လူတွေတောင်မှ လက်တွဲ နုတ်ဆက်ပြီး ညှိနှိုင်းတိုင်ပင်နေကြပြီ။ ကျနော်တို့တွေဟာ ဘာဖြစ်လို့ ညှိနှိုင်းလို့ မရဖြစ်ကြမှာလဲ။ ညှိနှိုင်းခြင်းဟာ အောင်ပွဲပဲ။