မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် အထက်လွှတ်တော်အတည်ပြု
This article has been converted from Zawgyi One to Unicode
သမ္မတ အိုဘားမား အမည်စာရင်းတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် စကောက်မာရှယ် (Scot Marciel)ကို အမေရိကန်အထက်လွှတ်တော်က ကန့်ကွက်မဲမရှိ မနေ့က အတည်ပြုလိုက်ပါတယ်။ မစ္စတာ စကောက်မာရှယ်(Scot Marciel) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အသစ်အဖြစ် သမ္မတ အိုဘားမားက ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ် ဇန်နဝါရီလ၂၈ ရက်နေ့မှာတော့ အထက်လွှတ်တော် ကော်မတီက အတည်ပြုပေးခဲ့တာပါ။
ထိုစဉ်က ရီပတ်ဗလီကန် အမတ် Cory Gardnerကတော့ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲမှုမလုပ်နိုင်ခင်မှာ သမ္မတအိုဘားမားအစိုးရ အနေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားမှာ စိုးရိမ်ကြောင်းပြောဆိုခဲ့ပါတယ်။
ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Tom Cotton ကတော့ သံအမတ်အသစ် စကောက်မာရှယ်ဟာ အမေရိကန် – မြန်မာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဦးဆောင်ကြိုးပမ်းသွားလိမ့်မယ် ဆိုကြောင်း အမေရိကန် အခြေစိုက် VOA သတင်းကဆိုပါတယ်
မစ္စတာ စကောက်မာရှယ်ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစ္စဖိတ်ရေး ရာ အကြီးတန်း ဒု- လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတဦးလည်း ဖြစ်ပါတယ်။