မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အရေးမယူ၍ ဘုန်းကြီးက ဆိုင်းဘုတ်ထောင် ဆန္ဒဖော်ထုတ်
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ဝပ်သနွန် ဆူဝမ်ပရာဆစ် ဘုန်းကြီးကျောင်း ပရဝုဏ်အတွင် မူးယစ်ဆေးဝါးသမား များဝင်ရောက် ရောင်းဝယ်သုံးစွဲနေမှုကို သက်ဆိုင်ရာက အရေးမယူသည့်အတွက် ကျောင်းထိုင်ဘုန်းကြီးက အရွဲ့တိုက်ပြီး “မည်သူမဆို ကျောင်းတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲခြင်း သိုမဟုတ် ရောင်းဝယ်ခြင်း ပြုလုပ်နိုင် တယ်”လို့ ဗီနိုင် ဆိုင်းဘုတ်ကြီးကို ထောင်လိုက်ရာ အွန်လိုင်းတွင် ပျံနှံပြီးနောက် အာဏာပိုင်များက ချက်ခြင်း အရေးယူမှု စတင်လိုက် ရတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။
မနေ့က မနက် ၅နာရီခွဲခန့်မှာ ရဲ၊ စစ်တပ်နှင့် ဒေသအာဏာပိုင် ၁၀၀ကျော် ကဘုန်းကြီးကျောင်း ပရဝုဏ်အတွင်း ဝင်ရောက်၍ ဖမ်းဆီးအရေးယူခဲ့ရရာ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်သူ ၁၂ဦး ကို ဆေးခြောက် ၄၇၀ ဂရမ်၊ မက်သာဖက်တမင်း အခဲ ၅ ဂရမ်၊ ဆေးခြောက်ရွက်များ၊ လက်နက်များဖြင့် အတူ မိခဲ့တယ်လို့ ရေးသားထားပါတယ်။
စူရတ်ဌာနီရဲမှူးကြီး Apichart Boonsriroj က ဘုန်းတော်ကြီးက ကျောင်းရှေ့မှာ ဆိုင်းဘုတ်ထောင်လိုက်တဲ့ အတွက် ချက်ခြင်း စီးနင်းမှု ပြုလုပ်လိုက်တယ်လို့ ဆိုပါတယ်။
ဘုန်းကြီးကျောင်းဟာ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးနဲ့လည်း မနီးမဝေးမှာရှိပြီး ဘုန်းကြီးနဲ့ ကိုရင် ၁၂ပါး သီတင်းသုံးနေ ကြောင်း၊ စောစောပိုင်းကတည်းက တိုင်ကြားခဲ့ပေမယ့် အရေးယူဖို့ ပျက်ကွက်ခဲတယ်လို့ သိရပါတယ်။