• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဘန်ကောက်မြန်မာသံရုံးတွင် ဆွေးနွေး

by ခင်ဦးသာ
11 February 2016
in သတင်း
A A
4.5k
VIEWS
Share on FacebookShare on Twitter

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဘန်ကောက်မြန်မာသံရုံးတွင် ဆွေးနွေး

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်ဆုံးပြီး ပြည်တော်ပြန်ရမည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆက်လက်နေထိုင် အလုပ် လုပ်ကိုင် ခွင့် ရရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူ များ၊ အလုပ်သမားအရေး ဆောင်ရွက် နေသော မြန်မာအဖွဲ့အစည်းများ ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။

RelatedPosts

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
6
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
63
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
829

ဘန်ကောက်ရှိ မြန်မာ သံရုံး၌ ကျင်းပသော ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အရေးဆောင်ရွက် နေ သည့် အဖွဲ့အစည်းများ၊ မြန်မာ အလုပ်သမား ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ဘန်ကောက်ရှိ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်တို့ တက်ရောက်ခဲ့ကြသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ၊ မြန်မာ အလုပ်သမားအဖွဲ့ တခု ဖြစ်သည့် (AAC ) မှ ကိုရဲမင်း က ပြောသည်။

ဆွေးနွေးပွဲတွင် ၆ နှစ်၊ ၄ နှစ် ဗီဇာသက်တမ်းကုန်ဆုံးသူများ အရေးနှင့် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ စသည့် အ လုပ်သမား အရေးတို့ကို ဆွေးနွေးကြပြီး၊ ၆ နှစ် ဗီဇာ ကုန်ဆုံးနေသူများ ဆက်လက်နေထိုင်ခွင့်ရမည့် အရေးကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီ ကို ပြောသည်။

“၆ နှစ်ကုန်သူတွေကို ပန်းရောင်ကတ်ထုတ်ပေးဖို့ ထိုင်းအစိုးရက လိုလားနေတယ်၊ မြန်မာဘက်ကတော့ CI လို့ခေါ် တဲ့ အထောက်အထား လက်မှတ်ထုတ်ပေးဖို့ ဆန္ဒရှိနေတယ်၊ ဘယ်လိုကတ်ထုတ်ပေးမယ်ဆိုတာကိုတော့ ထိုင်းအစိုးရနဲ့ထပ်မံ ညှိနှိုင်း ဆွေးနွေး ရဦးမှာပါ” ဟု ဦးအောင်မျိုးသန့်က ဆိုသည်။

ပန်းရောင်ကတ်သည် တနှစ်အာမခံ ကတ်ဖြစ်ပြီး၊ CI (Certificate of Identity) အထောက် အထား လက်မှတ်ရရှိပါက ထိုင်းနိုင်ငံ အတွင်း၌ ၂ နှစ် ဆက်လက် နေထိုင်ခွင့်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို ၄ နှစ် ဗီဇာ သက်တမ်း ဆောင်ရွက်ပေးမှုကို ၂၀၀၉ ခုနှစ်မှ စတင် လုပ် ဆောင်ပေးခဲ့ပြီး၊ သက်တမ်းကုန်သူများအား နောက်ထပ် ၂ နှစ်တိုး၍ ၆ နှစ် နေထိုင်ခွင့် ပေးခဲ့ကြောင်း၊ ၆ နှစ် ပြည့်ပြီးသူများကို ထပ်မံ သက်တမ်းတိုးပေးရန် ထိုင်းနိုင်ငံ၏ ဥပဒေအရ ဆောင်ရွက်ခွင့် မရှိ၍ မြန်မာနိုင်ငံသို့ ပြန် လည်သွားရောက်ပြီး မှသာ ထိုင်းနိုင်ငံသို့ လာရောက် လုပ်ခွင့်ရမည်ဟု ထိုင်းအစိုးရက ဆိုထားကြောင်း သိရှိရသည်။

သို့သော် ၆ နှစ်ဗီဇာ သက်တမ်းကုန်ဆုံးနေသူ သိန်းချီ၍ ရှိနေခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ အချိန်ကုန်ခြင်း စသည့်အခက် အခဲများကြောင်း အလုပ်သမား အများစုသည် မြန်မာနိုင်ငံသို့ ပြန်ရန် ခက်ခဲနေကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် မလိုဘဲ ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်ခွင့် ရမည့် အရေးကို မြန်မာအစိုးရ က ထိုင်းအစိုးရနှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးနှင့်ပတ်သက်၍ မြန်မာ အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့်ထိုင်းအစိုးရ တို့သည် ဖေဖော် ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဘန်ကောက်မြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများ က ပြောသည်။

Your Thoughts …
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မြနန္ဒာဆည်, မြင်းခြံ, ဦးရဲမြင့်

မြနန္ဒဆည်အနီး စီမံကိန်း ရပ်တန့်ရေး မြင်းခြံဒေသခံများ ဆန္ဒပြ

ပြည်မြို့, ရေးမြို့, ရေလုပ်ငန်း, လူကုန်ကူးမှု

ရေးမြို့ ရေလုပ်ငန်းရှင် ၂ ဦးနှင့် ပွဲစား ၂ ဦးကို လုပ်အားခ ခေါင်းပုံဖြတ်မှု၊ လူသတ်မှုများနှင့် အမှုဖွင့်ထား

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate