မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ တာဝေးပစ်ဒုံးပျံပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က သူ့ရဲ့ လေကြောင်းကာကွယ်ရေး ပက်ထရီယော့ ဒုံးပျံတပ်ဖွဲ့တဖွဲ့ကို တောင်ကိုရီးယားနိုင်ငံအူဆန်လေတပ် စခန်းမှာ ဖြန့်ချလိုက်တယ်လို့ အမေရိကန် စစ်ဘက်ကို ကိုးကားပြီး Japan Times သတင်းက ဆိုပါတယ်။
ဒါအပြင် THAAD (Terminal High-Altitude Area Defense) လို့ခေါ်တဲ့ ဒုံးပံျကာကွယ်ရေးစစ်နစ်ကို တောင်ကိုရီးယားကို အမြန်ဆုံးပေးပို့ဖို့လည်း တောင်ကိုရီးနဲ့ ပင်တာဂွန်စစ်ဌာနချုပ်တို့ ဆွေးနွေးဖို့ရှိနေပါတယ်။
ပြီးခဲ့တဲ့ သောကြာကတော့ မြောက်ကိုရီးယားရဲ့ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတကာ တုံပြန်မှုအပေါ်မှာ ဆက်လက်အတူတကွလုပ်ဆောင်သွားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တောင်ကိုရီးယား နိုင်ငံခြား ရေးဝန်ကြီး Yun Byung-se တို့ သဘောတူညီခဲ့ပါတယ်။