
အရှေ့တောင်အာရှဒေသမှာ ကျွန်သဖွယ် အတင်းအဓမ္မစေခိုင်းနေတဲ့ ငါးဖမ်းလုပ်ငန်းကနေ တင်သွင်း လာတဲ့ ရေထွက်ကုန်ပစ္စည်းတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးတွေရဲ့ လုပ်အားကို မတရား အသုံး ချ ချုပ်လုပ်ခိုင်းတဲ့ အဝတ်အထည်တွေနဲ့ အာဖရိကတိုက်က ကလေးတွေရဲ့ လုပ်အားနဲ့ တူးဖော်ထား တဲ့ ရွှေတွေကို အမေရိကန်ပြည်ထောင်စုကို မတင်ပို့ဖို့ တားမြစ်ထားတဲ့ ဥပဒေကြမ်းကို သမ္မတအိုဘားမားက ဒီအပတ်ထဲမှာ လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေပြီလို့ AP သတင်းမှာဖော်ပြထားပါတယ်။
ဒီ ဥပဒေသစ်ဟာ ကလေးငယ်တွေနဲ့ အဓမ္မစေခိုင်းပြီးတော့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အမေရိကန် နိုင်ငံထဲ တင်သွင်းလာမှုကို ဟန့်တားပေးမယ့် ဥပဒေလည်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကို တင်သွင်းနေတဲ့ ရေထွက်ကုန်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံက အများဆုံးလာရောက် ဖြစ်ပြီး၊ အရှေ့တောင်အာရှက ထိုင်း၊ အင်ဒိုနီးရှား ရေလုပ်ငန်းတွေမှာ မြန်မာအပါအဝင် အိမ်နီးချင်း နိုင်ငံတွေက ရွေ့ပြောင်း လုပ်သားတွေကို ကျေးကျွန်သဖွယ် ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံနေတာတွေကို AP သတင်းက စုံစမ်းဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို သမ္မတ အိုဘားမားက လက်မှတ်ထိုး အတည်ပြုပြီးရင်တော့ အမေရိကန် အလုပ်သမားဌာနကနေ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုကနေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း အမျိုးပေါင်း ၃၅၀ကျော်ကို စစ်ဆေးပြီး ပိတ်ပင်နိုင်တော့မှာဖြစ်ပါတယ်။