
ဘန်ကောက်ဗုံးကွဲ၌ ဖမ်းဆီခံရသည့် တရုတ်နိုင်ငံသား ဝိဂါလူမျိုး အဒမ်ကရာဒက်ဂျ် က သူ့အနေနဲ့ လူ ၂၀ကျော် သေဆုံးခဲ့တဲ့ ဧရာဝဏ် နတ်ကွန်းဗုံးကွဲမှုကို ပြုလုပ်ခဲ့ခြင်း မရှိသလို၊ ပါဝင်ပတ်သက်ခြင်းလည်း မရှိကြောင်း၊ နှိပ်စက်ညှင်းပန်းခံရ၍သာ ဝန်ခံခဲ့ရခြင်းဖြစ်တာကြောင့် ကနဦးပေးထားတဲ့ ဖြောင့်ချက်ကို ပြန်လည် ရုပ်သိမ်းမယ်လို့ သူ့ရှေ့နေ Schoochart Kanpai ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အဒမ်ကရာဒက်ဂျ်ရဲ့ ရှေ့နေက သူ့အမှုသည်ကို ထိန်းသိမ်းထားရာ အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံရာ မှာသူ့အမှုသယ်ဟာ ဖိအားတရပ်ရဲ့အောက်မှာ နိုပ်စက်ခံခဲ့ရတယ်၊ ဗုံးပေါက်ကွဲရာမှာ သေဆုံးခဲ့ရတဲ့ သူတွေ ဟာ ကမ္ဘာလှည့်ခရီးသွားတွေဖြစ်တယ်၊ ဒါကြောင့် ထိုင်းရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ ခရီးသွားလုပ်ငန်း ကို ထိခိုက်မှာစိုးတဲ့အတွက် ဖိအားပေး ဝန်ခံခိုင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဒမ်ကရာဒက်ဂျ်က သူဟာ ဗုံးဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် ထိုင်းနိုင်ငံထဲကိုတော့တရားမဝင် ဝင်ခဲ့တယ်လို့ ဝန်ခံပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့လည် ဧရာဝဏ် နတ်ကွန်း အနီး ဗုံးပေါက် ကွဲမှုတွင် ကမ္ဘာလှည့်ခရီးသွားများအပါအဝင် လူ ၂၀ သေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရခဲ့ရာ တူရကီနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်တဲ့ အဒမ်ကရာဒက်ဂျ် ကိုဖမ်းဆီးခဲ့သလို တခြားသော တရုတ်နိုင်ငံသား ဝိဂါလူမျိုး ယူဆွတ်ဖ်မိုင်ရိုင်လီကိုလည်း ကမ္ဘောဒီးယား နယ်စပ်မှာ ဖမ်းဆီးခဲ့ပါတယ်။