ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီတို့ကို ပထမဆုံး စတင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယနေ့ ဖွဲ့စည်းလိုက်သည့် ဥပဒေကြမ်း ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် တာမွေမဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးသိန်းမြင့်၊ အတွင်း ရေးမှူးအဖြစ် လှိုင်သာယာ မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စား လှယ် ဦးဝင်းမောင်က တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည်။ ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆိတ်ကြီး/ခနောင်တို မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စား လှယ် ဒေါ်စန္ဒ္ဒာမင်း၊ အတွင်း ရေးမှူးအဖြစ် ဒဂုံမဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးကျော်ဇေယျက တာဝန်ယူထားပြီး အဖွ့ဲဝင် ၁၁ ဦး ပါဝင်သည်။
ယင်းကော်မတီ ၂ ခုစလုံးတွင် အဖွဲ့ဝင်များအဖြစ် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးစီ ပါဝင်ပြီး ဥက္ကဋ္ဌ နေရာ၊ အတွင်းရေးမှူး နေရာ များနှင့် အဖွဲ့ဝင် အများစုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိထားသည့် ကိုယ်စားလှယ်များ ဖြစ်သည်။
ပြီးခဲ့သည့် အစိုးရ သက်တမ်း ၅ နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ပထမအကြိမ် လွှွတ်တော်တွင် ဥပဒေကြမ်း ကော်မတီနှင့် တိုင်းရင်း သားရေးရာ ကော်မတီ ၂ ရပ်သာ ဖွဲ့စည်းခဲ့သည်။ ယခု ဒုတိယအကြိမ်မြောက် လွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ထပ်မံ၍ ကော်မ တီပေါင်း ၇ ခု ဖွဲ့စည်းရန် ကျန်ရှိနေသေးကြောင်း စုံစမ်းသိရသည်။