သတင်းတို

စင်ကာပူ လေကြောင်းပြပွဲမှာ တရုတ်က ဒုံးကျည်အသစ်များ ပြသ

This article has been converted from Zawgyi One to Unicode

စင်ကာပူ လေကြောင်းပြပွဲမှာ တရုတ်က ဒုံးကျည်အသစ်များ ပြသ
တရုတ်နိုင်ငံက နိုင်ငံတကာလက်နက်ပြပွဲတခုဖြစ်တဲ့ စင်ကာပူလေကြောင်းပြပွဲမှာ ဒုံးကျည်အသစ်တွေ ပြသခဲ့တယ်လို့ ကာကွယ်ရေးဆိုင်ရာသတင်းတွေက ဆိုပါတယ်။ အဲဒီလက်နက်တွေကတော့ CATIC လို့ခေါ်တဲ့ တရုတ်နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်း စက်ရုံကထုတ်လုပ်တဲ့ TL 7၊ TL 2 နဲ့ KD – 88  ဆိုတဲ့ ဒုံးကျည်အသစ်တွေဖြစ်ပါတယ်။

Thunder Lighting  လို့ အမည်ပေးထားတဲ့ TL အမျိုးအစား ဒုံးကျည်တွေမှာ TL-7A ကတော့ တိုက် လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုနိုင်ပြီး၊  ကြည်းတပ်အတွက် TL 7B၊ ရေတပ် အတွက် TL 7C ဆိုပြီးတော့ ၃မျိုးခွဲခြားပြသထားပါတယ်။

နောက်တမျိုးကတော့ KD- 88 လို့ ခေါ်တဲ့ မိုင် ၁၁၀ခန့်အကွာအဝေး အထိ ပစ်ခတ်နိုင်တဲ့ တာလတ် ပစ်ဒုံးကျည်ဖြစ်ပါတယ်၊ ဒီဒုံးကျည်ကိုတော့ တရုတ်လေတပ် ဗုံးကြဲတိုက်လေယာဉ် JH 7 (နေတိုး အခေါ် Flounder) တွေမှာတပ်ဆင်ကာ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်အဖြစ် အသုံးပြုပါတယ်။

ဒါအပြင် လောင်ချာနဲ့ မောင်းသူမဲ့လေယာဉ်တွေမှာ တပ်ဆင်ကာ ပစ်ခတ်နိုင်တဲ့ TL – 2 ဒုံးကျည်ငယ်လေးများကို ပြသထားတယ်လို့ ကာကွယ်ရေးသတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ကမ္ဘာစစ်အသုံးစရိတ်ရဲ့ ၂၀ရာခိုင်နှုန်းဟာ အာရှ ပစ္စဖိတ်ဒေသက သုံးစွဲ နေတာဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်မှာတော့ ၃၃ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ BBC သတင်းက ဆိုပါတယ်

စင်ကာပူ လေကြောင်းပြပွဲဟာ လေယာဉ်ကုမ္ပဏီကြီးတွေနဲ့  ကမ္ဘာ့အကြီးဆုံး စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရောင်းဝယ်ရေး ကုမ္ပဏီကြီးတွေက ကာကွယ်ရေးဆိုင်ရာ လက်နက်တွေကို လာရောက်ပြသတာဖြစ်ပါတယ်။

Loading