
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တခု ချမှတ်ဖို့ သမ္မတ အိုဘားမားက လက်မှတ် ရေးထိုးလိုက်တယ်လို့ Bangkok Post သတင်းကဆိုပါတယ်။ အဲဒီပိတ်ဆို့ အရေးယူမှုအသစ်ကတော့ လူအများအပြားသေစေနိုင်တဲ့ လက်နက်ထုတ်လုပ်ရာမှာ သုံးတဲ့ အရေးကြီးကုန်ပစ္စည်းများ သို့မဟုတ် နည်းပညာတွေကို မတင်ဖို့နိုင်ဖို့ တားမြစ်ထားတဲ့ ပိတ်ဆို့အရေးယူမှုဖြစ်ပါတယ်။
သမ္မတအိမ်ဖြူတော် ပြောခွင့်ရ ဂျိုစ် အန်းနက် က“မြောက်ကိုရီယားရဲ့ ရန်စတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး အိုဘားမားအစိုးရအနေနဲ့ စိုးရိမ်တကြီး ဖြစ်မိတယ်”လို့ သမ္မတအိုဘားမားက ပိတ်ဆို့အရေးယူမှု ဥပဒေကို လက်မှတ်ထိုးအတည်မပြုခင်မှာ ပြောကြားသွားပါတယ်။
အိမ်ဖြူတော်အနေနဲ့ကတော့ ဒီပိတ်ဆို့ အရေးယူမှုဟာ မြောက်ကိုရီးယားအပေါ်မှာ ဖိအားတွေ ပိုမိုတိုးမြင့်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဂျိုစ်အန်းနက်ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအပေါ်မှာလည်း ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးကုန် သွယ်မှု စတဲ့ နေရာတွေက ငွေကြေး ဝင်ရောက်လာမှုကို တားဆီးတဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတခုကိုလည်း ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲလက ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲလိုက်ပြီးတဲ့နောက်မှာ ကမ္ဘာနိုင်ငံများက ပြင်းထန်စွာ ရှုံချခဲ့သလို၊ နောက်ထပ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီးတော့ တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှုကို ပြုလုပ်တဲ့အတွက် ပိတ်ဆို့အရေးယူမှုနဲ့ ရင်ဆိုင်နေရပါတယ်။