သတင်းတို

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်

This article has been converted from Zawgyi One to Unicode

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်အင်ဒိုနီးရှားနိုင်ငံက ရုရှားလုပ် မြေပြင်တွင်သာမက ရေပြင်သို့ ဆင်းသက်ပျံသန်းနိုင်သည့် Be -200 အမျိုးအစား လေယာဉ် ၄စင်း ဝယ်ယူရန် စီစဉ်နေကြောင်း ရုရှားကာကွယ်ရေးလက်နက်ထုတ်လုပ်ရေး အသိုင်းအဝန်း ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်း RIA Novosti ကဆိုပါတယ်။

ရုရှားလုပ် Be- 20 လေယာဉ်တွေဟာ ရေပြင်ပေါ်ကို ဆင်းသက်ပြီး ရေဂါလံထောင်ပေါင်းများစွာကို ဝမ်းဗိုက်မှာ တင်ဆောင်ကာပျံသန်းနိုင်တဲ့အတွက် မီးငြိမ်းသတ်ရာမှာ အသုံးပြုနိုင်သလို သယ်ယူပို့ဆောင်ရေး ဒါမှမဟုတ် ကယ်ဆယ်ရေးတွေမှာလည်း ပြောင်းလဲအသုံးချနိုင်တယ်လို့ သိရပါတယ်။

လာမယ့် စက်တင်ဘာလ ရုရှားနိုင်ငံမှာ ပြုလုပ်မယ့် International Hydroaviasalon လေကြောင်းပြပွဲမှာ ရုရှားလုပ် Be- 200 ES တွေရဲ့ စွမ်းဆောင်မှုတွေကို ပြသဖို့ရှိတယ်လို့ ရုရှား စစ်ဘက်ဆိုင်ရာ ပစ္စည်း ထုတ်မှု ဌာနက ဆိုပါတယ်။

Be-200ES ကို ရုရှားလေယာဉ်ထုတ်လုပ်မှု လုပ်ငန်းကနေ ခေတ်မီလေကြောင်းနည်းပညာတွေကို အသုံးပြုကာ တောမီးငြိမ်းသတ်ဖို့ အတွက် တီထွင်ပြုလုပ်ထားတာဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ တောမီးလောင်ကျွမ်းမှုနှင့် တောင်ယာမီးရှို့မှုအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ကလည်း ရုရှားလုပ် Be – 200 လေယာဉ်တွေ လိုချင်တယ်လို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာက အင်ဒိုနီးရှား လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Agus Supriatna က ပြောခဲ့ပါသေးတယ်။

ယခုတလော အင်ဒိုနီးရှားဟာ ရုရှားလုပ်လေယာဉ်တွေကို ဝယ်ယူနေရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်ဒိုနီးရှားအတွက် ဆူခွိုင်းအမျိုးအစား SU – 35 တိုက်လေယာဉ် ၁၀ စီးဝယ်ယူုဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။

Loading