ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် “နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN)”ကို အဖွဲ့ဝင် ၁၃ ဦးနှင့် ဖွဲ့စည်းနိုင်ခဲ့ပြီး ယင်းအဖွဲ့ကို လတ်တလော ၁၁ ဦးနှင့်သာ ဖွဲ့စည်းထားကြောင်း၊ ကျန် ၂ ဦးကို နောက်ပိုင်းတွင် ဖြည့်စွက်သွားမည်ဟု UNFC က ပြောသည်။
ထိုအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ် (KNPP)၊ အဖွဲ့ဒုခေါင်းဆောင် (၁) ဗိုလ်မှူးချုပ် စဝ်စိုင်းထူး (SSPP/SSA)၊ အဖွဲ့ဒုခေါင်းဆောင် (၂) ဗိုလ်ချုပ် ဂွန်မော်(KIO)နှင့် အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူး တာပန်လ(TNLA)၊ ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်(MNDAA)၊ စဝ်ဆေအွန် (SSPP/SSA)၊ နိုင်ရွှေသိန်း (MNSP)၊ ဒူးဝါး ဘောမ်ဝမ်လရော် (KIO)၊ ဗိုလ်မှူးကြီး မင်းထွန်း (ANC)၊ ဗိုလ်မှူးကြီး ဆော်လမွန် (LDU)၊ ဗိုလ်မှူး တာ့ညီလူ (WNO) ဖြစ်ကြောင်း သိရသည်။