
ယနေ့ ကျင်းပလျက် ရှိသည့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကော်မတီ ၃ ခုကို အတည်ပြု ဖွဲ့စည်းလိုက်သည်။
၎င်းတို့မှာ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတို့ ဖြစ်ပြီး ယင်းကော်မတီများတွင် ဦးဆောင်မည့်သူနှင့် အဖွဲ့ဝင် အမည်များကို ကြေညာခဲ့သည်။
ထို့ပြင် ရင်းနှီးမြှပ်နံှမှုနှင့် စက်မူလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီတို့ ဖွဲ့စည်းရန် ယနေ့ လွှတ်တော် တွင် လုပ်ဆောင်ခဲ့သည်။