၂၀၁၁ မှ ၂၀၁၅ခုနှစ်အထိ ကမ္ဘာလက်နက်ဈေးကွက်မှာ အမေရိကန်နှင့် ရုရှားကသာ ဆက်လက်ဦးဆောင် နေကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေ သနဌာန(SIPRI) က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
အစီရင်ခံစာအရ ပြီးခဲတဲ့ ၂၀၀၆ – ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာ့လက်နက်ဈေးကွက်ရဲ့ သုံးပုံတပုံကို အမေရိကန် တို့က နေရာယူထားရာက ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်းမှာ ၂၇ ရာခိုင်နှုန်းအထိ ထပ်မံမြင့် တက်လာတယ်လို့ ဆိုပါတယ်။
ရုရှားကလည်း ဒုတိယလက်နက်အများတင်ပို့တဲ့နိုင်ငံအဖြစ်ဆက်လက်ထိန်းထားပြီး၊ ကမ္ဘာ့လက်နက်ဈေးကွက် ရဲ့ လေးပုံတပုံကို လွှမ်းမိုးထားတယ်လို့ SIPRI အစီရင်ခံစာကဆိုပါတယ်၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်တို့ဟာ ရုရှားရဲ့ အဓိက လက်နက်ဝယ်ယူတဲ့နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။
SIPRI ရဲ့ သတ်မှတ်ချက်အဆင့်အရ တခြားသောလက်နက်တင်ပို့တဲ့ နိုင်ငံတွေက တရုတ်၊ ပြင်သစ်၊ ဂျာမနီတို့ဖြစ်ပြီး ၊ တရုတ်လက်နက်တင်ပို့မှုဟာလည်း အရင်နှစ်များနဲ့ နှိုင်းယှဉ်ရင် ၂၀၁၁မှ ၂၀၁၅ ခုနှစ်အတွင်း ၈၈ ရာခိုင်နှုန်းတိုး တက်ခဲ့ပေမယ့် ပြင်သစ် နဲ့ ဂျာမနီရဲ့ လက်နက်တင်ပို့မှုကတော့ ကျဆင်းနေတယ်လို့ ဆိုပါတယ်။