သတင်းတို

ပုဂံဘုရားများပေါ်သို့ တက်ရောက်ခွင့်ပြုတော့မည်မဟုတ်

This article has been converted from Zawgyi One to Unicode

ပုဂံဘုရားပေါ်၌ နေဝင်ချိန်ကို မှတ်တမ်းတင်နေကြသော နိုင်ငံခြားသားများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ပုဂံဘုရားပေါ်၌ နေဝင်ချိန်ကို မှတ်တမ်းတင်နေကြသော နိုင်ငံခြားသားများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

လာမည့် မတ်လ(၁)ရက်နေ့မှစ၍ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ မည့်သည် ဘုရား  ပစ္စယံများပေါ်သို့မျှ တက်ရောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ထိုသို့ လူများတက်ရောက်မှုသည် အဆောက်အဦး၏ ခံနိုင်ရည်လျော့နည်းလာသည့်အပြင် တက်ရောက်သူများကို အန္တရာယ်များစေကြောင်း၊ ထိုအပြင် မလျော်ကန်သည့် ဝတ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှု၊ ဘုရားပေါ်တွင် အိပ်စက်ခြင်း စသည့် ယဉ်ကျေးမှုဖြစ်စဉ်ကို ထိခိုက် ယိုယွင်းစေသည့် အပြုအမှုများဖြစ်စေကြောင်း လည်းဖော်ပြထားသည်။ ပုဂံ ရှေးဟောင်းမြို့ကို အေဒီ ၉ ရာစုမှာ စတင် တည်ထောင်ခဲ့ကာ ၁၁ ရာစုခန့် အထိ ထွန်းကားခဲ့သည့် ပုဂံသည်၁၆ စတုရန်းမိုင် ကျယ်ဝန်းပြီး ဘုရား ပုထိုး၊ စေတီ၊ အုတ်ကျောင်း ၃ထောင်ကျော်ရှိပြီး ငလျင်ဒဏ်လည်း ၃ကြိမ်ခံထားရသည်။

ပြီးခဲ့သည့်နှစ်က စစ်အစိုးရလက်ထက် ပြန်လည်တည်ဆောက်ခဲ့သည့် ပုဂံလက်သစ် ဘုရားတဆူ လည်း မိုးဒဏ်ကြောင့် ပြိုကျခဲ့သည်။

Loading