သတင်းတို

ဆီးရီးယား ပြည်တွင်းစစ်ရပ်စဲဖို့ အမေရိကန်- ရုရှားသဘောတူညီချက်ရရှိ

This article has been converted from Zawgyi One to Unicode

ဆီးရီးယား ပြည်တွင်းစစ်ရပ်စဲဖို့ အမေရိကန်- ရုရှားသဘောတူညီချက်ရရှိဆီးရီးယား ပြည်တွင်းစစ်ရပ်စဲဖို့ ရုရှားနဲ့ အမေရိကန်အကြား သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်ပြီး သွေးမြေကျအောင် တိုက်ခိုက်မှုများ ရပ်ဆိုင်းဖို့ နှစ်နိုင်ငံအကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှား သမ္မတပူတင်တို့ တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး၊ သမ္မတပူတင်အနေနဲ့ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားသလို အကြမ်းဖက်မှု ဆန့်ကျင်ရေးကို နှစ်နိုင်ငံစလုံးက လုပ်ဆောင်သလို ဆီးရီးယားအရေးကိုလည်း လုပ်ဆောင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။

ရုရှားအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အရာရာကို သေချာအောင် လုပ်ဆောင်သွား မှာဖြစ်သလို ဆီးရီးယားအစိုးရနဲ့လည်း အနီးကပ်ဆောင်ရွက်သွားမယ်၊ အမေရိကန်အနေနဲ့တော့ ဆီးရီးယား အတိုက်အခံ အုပ်စုများက ဒီသဘောတူညီချက်ကို လေးစားလိုက်နာဖို့ ချောမွေ့အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ ပူးတွဲအဖွဲ့ဟာ သတင်းအချက်အလက်တွေကို ဖလှယ်ကာ ဆက်သွယ်ရေးကောင်းမွန်ဖို့ အရေးပေါ်ဖုန်းလိုင်းလည်း ထားရှိမယ်လို့ သိရပါတယ်။

Loading