တရုတ်နိုင်ငံရဲ့ စစ်လက်နက်တင်ပို့မှုဟာ ၅နှစ်အတွင်း ၂ဆတက်လာတာကြောင့် စစ်လက်နက် ထုတ်လုပ်မှု ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှု ကြီးထွားလာနေပြီး၊ တရုတ်လက်နက်အများစုကို အိမ်နီးချင်း တွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့က ဝယ်ယူတယ်လို့ စတော့ဟုန်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာန(SIPRI )က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၁ – ၂၀၁၅ ခုနှစ်အတွင်းမှာ တရုတ်ရဲ့ လက်နက်ဝယ်ယူမှုဟာ လွန်ခဲ့တဲ့ ၅နှစ်ကထက်စာရင် ၂၅ ရာခိုင်နှုန်းကျ ဆင်းခဲ့ပေမယ့် တင်ပို့မှုကတော့ ၈၈ ရာခိုင်နှုန်းမြင့်တက်လာနေတယ်လို့ ဆိုတာကြောင့် တရုတ်လက်နက်ထုတ်လုပ်မှု တိုးတက်လာတာကို ပြတာဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်လောက်က နည်းပညာအရ အဆင့်နိမ့်တဲ့ လက်နက်တွေကိုသာ ထုတ်လုပ်ခဲ့ပေမယ့် လက်နက်ဈေးကွက်ရဲ့ ဆွဲဆောင်မှုကြောင့် အဆင့်မြင့်လက်နက်တွေကို ထုတ်လုပ်လာပြီလို့လည်း SIPRI အစီရင်ခံစာက ဆိုပါတယ်။
အဲဒီအတွက် လက်နက်ထုတ်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာရာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၄၁.၄၅ဘီလျံရှိလာတာကြောင့် အရင်နှစ်တွေထက် ၁၀ ရာခိုင်နှုန်းတက်လာတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တရုတ်ဟာ ကမ္ဘာမှာလက်နက်တင်ပို့မှုမှာ တတိယလိုက်ပေမယ့် အများဆုံးဖြစ် ပေမယ့် အမေရိကန်နဲ့ရုရှားရဲ့ နောက်မှာ ကျန်နေပါသေးတယ်၊ ကမ္ဘာ့လက်နက်ဈေးကွက်ရဲ့ သုံးပုံတပုံကို အမေရိကန် တို့က နေရာယူထားပြီး၊ လေးပုံတပုံကိုတော့ ရုရှားတို့ ကယူထားပါတယ်။
SIPRI အစီရင်ခံစာအရ လက်ရှိမှာ ယီမင်ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ ဆော်ဒီအာရေဗီးယားက လက်နက်အများဆုံးတင်သွင်းနေရတယ်လို့ သိရပါတယ်။