ဒီမိုကရက်တိုက်ဇေးရှင်း နောက်ကွယ်တွင် အရေးကြီးလှသော မောင်းနှင်အားတရပ်အဖြစ် တိုးမြှင့် ဖြစ်တည် လာသည့် အချက်တချက်မှာ လူသားလုပ်ပိုင်ခွင့် တိုးမြှင့်လွှဲအပ်မှု၊ တနည်း လူတွေ စွမ်းသရွေ့ လုပ်ကိုင်ခွင့်ပင်ဖြစ်သည်။ အီလစ် အပေးအယူ အလျှော့အတင်းကို ဗဟိုကျကျနေရာ၌ ရှိဆဲဟုယူလျှင်တောင် ကိုယ်စားပြုဒီမိုကရေစီ ဦးစွာဖြစ်ထွန်းပြီး အရေးကြီး အခန်းကဏ္ဍတရပ်အဖြစ် လှုပ်ရှားကစားနေရဆဲဆိုချိန်၌ပင် “ထိရောက်အားကောင်း ဒီမိုကရေစီ” ဖွံ့ဖြိုးမှုက အရင်းအမြစ်များ၊ တန်ဖိုးများ၏ ရိုးရိုးသာမန်လူတွေ ပြုမူနိုင်စွမ်းကို ရောင်ပြန်ဟပ်ရိုက်ခတ်ပြနေပါသည်။
အီလစ်များကို ဖိအားပေးနိုင်စေရေးအတွက် သာမန်လူတွေ ထိထိရောက်ရောက် ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်းကို ပြသလာ နေပါ၏။ လူတွေစွမ်းသရွေ့ လုပ်ပိုင်ခွင့်ဟုခေါ်ကြသော ဤလုပ်ငန်းနည်းစဉ်၏ အရေးပါမှုကို ယေဘုယျ အခြေခံကျကျ တွက်ချက်ထုတ်ယူ ကြည့်လာနိုင်ကြပြီဖြစ်ပါသည်။
ဒီမိုကရေစီ၌ မတူကွဲပြားနေသော ယူဆချက်နှစ်မျိုးအကြား လေးပင်ဖိစီးမှုတရပ် ရှိနေသည်။ ခပ်ကျဉ်းကျဉ်း အယူအဆအရ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးကြခြင်းဖြစ်ပြီး မည်သည့်အုပ်ချုပ်ရေးစနစ်၊ အုပ်ချုပ်သူတို့ကမဆို လွတ်လပ်မျှတ ယှဉ်ပြိုင်စေ သော ပုံမှန်ရွေးကောက်ပွဲများ ပြုလုပ်ပေးခြင်းကိုပင် ဒီမိုကရေစီတရပ်ဟု မြင်ကြသည်။
ထိုအမြင်အရဆိုလျှင် အီလစ်တို့၏ သဘောတူညီမှုက သော့ချက်ကျနေပြီး လူထု ပိုမိုနှစ်ခြိုက် ရွေးချယ်ခြင်း ဆိုသည်တို့က ခပ်သေးသေးကိစ္စ ဖြစ်နေသည်။ ထိုပုံစံအဆင့်ကို ရှင်းချက်ထုတ်ကြရာတွင် လူမှုဆိုင်ရာ ရွေ့လျားပါဝင် ဆောင်ရွက်ခြင်း ကဲ့သို့ ဒီမိုကရေစီ၏ ရေရာသော အနှစ်အသားများက အရေးပါသည့်ပုံ မရှိတော့ပေ။ ဤသို့တည်ဆောက်ပုံမျိုးကို “ရွေးကောက်ပွဲ ဒီမိုကရေစီ” ဟု မကြာခဏ တံဆိပ်တပ်ကြသည်။
ဤမြင်ကွင်းမျိုးကို ဝေဖန်ကြည့်ကြရလျှင် အီလစ်တို့သာ အလွှမ်းမိုးဆုံး လူ့အဖွဲ့အစည်းအများစု၌ ၎င်းတို့ဘာသာ ယှဉ်ပြိုင် နိုင်စွမ်းရှိ ရွေးကောက်ပွဲများ ကြာနိုင်သလောက် ကြာရှည်အောင်လုပ်ကြပြီး ဒီမိုကရက်တစ်ဖြစ်သည်ဟုပင် လက်ခံထားကြကြောင်း တွေ့ရသည်။ စစ်မှန်သော ဒီမိုကရေစီ၏ မူလပင်မ အခြေခံ စည်းမျဉ်းဥပဒေများ ဥပေက္ခာပြု ခံထားရ၏။
စစ်မှန်သော ဒီမိုကရေစီဖြစ်သည့် ပြည်သူ့အစိုးရ၊ ပြည်သ့ူထံမှ ဆင်းသက်လာသော အစိုးရ၊ လူထုပေါ်လစီများကို လူထုပိုမို နှစ်ခြိုက်ရွေးချယ်ခြင်းကသာ လွှမ်းမိုးနိုင်ရမည် စသော အနှစ်အသားတို့ လစ်လျူရှုခံနေရခြင်းနှင့် တိုင်းတာရခြင်းဖြစ်သည်။ ယခုလို ပိုကျယ်ပြန့်သော အယူအဆကို ရှင်းလင်းတင်ပြချက်တို့ ရည်ရွယ်တိမ်းညွတ်ချက်မှာ ဒီမိုကရေစီစစ်စစ်ဟူသည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိခြင်းထက် များစွာ ရှေ့ပိုပြေးသွားနေသော အဓိပ္ပာယ်ရှိ၏ဟု ဆိုလိုရင်းပင်ဖြစ်သည်။
ပိုကျယ်ဝန်းသော အနက်နှင့်အနှစ်ကို တင်ပြလိုခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲ ဒီမိုကရေစီမျှလောက်ကို အတိုက်အခံပြု ပြလိုက်သလိုရှိသော “လစ်ဘရယ်ဒီမိုကရေစီ” သည် ကိုယ်တိုင်ကိုယ်ပိုင် အစိုးရသော လူထု၏အသံ၊ ဆန္ဒအပေါ် အခြေခံ တည်ဆောက်ထား၏။ ထို့ကြောင့်လည်း ပေါ်ထွန်းဖြစ်တည် ရှင်ကျန်နိုင်သော ဒီမိုကရေစီသည် လူမှုတင်ကူး အနေအထား များအပေါ် တည်မှီနေခြင်းဖြစ်၏။ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြသော အရင်းအမြစ်များ ကြီးမားကျယ်ပြန့် ခွဲဝေပျံ့နှံ့မှုနှင့် ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ခဲ့ခြင်း တရပ်ကဲ့သို့သော သဘောထား ကြီးရင့်ကျက်သည့်လူထုနှင့် လွတ်လွတ်လပ် လပ် ရွေးချယ်မှုကို ဆုလဒ်အဖြစ် ရရှိနိုင်သော လူမှုတင်ကူးအနေအထားများကို ဆိုလိုရင်းဖြစ်သည်။
အပြိုင်တွန်းလှန်ပုံရနေသော ဤမြင်ကွင်းများ မှန်ကန်သလား။ ဒီမိုကရေစီဟူသည် အီလစ်သဘောတူညီချက်များနှင့် အ သိအမှတ်ပြုယူချက်များ၏ ထုတ်ကုန်တရပ်ဟု ခပ်ရိုးရိုးဖြစ်မည်လား။ သို့မဟုတ် ယေဘုယျ လွှမ်းခြုံလူထု၏ ရည်မှန်း ဦးတည်မှုများကို တန်ပြန်သက်ရောက် ရိုက်ခတ်သင့်သော ကိစ္စအရာ မဖြစ်သင့် ဖြစ်သင့်။
ပထမမေးခွန်း အရဆိုလျှင် ကျဉ်းမြောင်းအမြင်က မှန်၏။ နောက်တရပ်အတွက်ဆိုပါက ဒီမိုကရေစီ၏ ဖြစ်ပေါ်တည်တံ့ ခိုင်မာရှင်ကျန်မှုသည် လူမှု စီးပွားဖွံ့ဖြိုးရေး အမှီအခိုကင်းမှုဖြစ်သည်။ ပိုကျယ်ပြန့်သောအမြင် မှန်ကန်သည်ဆိုလျှင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ၏ ဖြစ်တည်ရှင်ကျန်မှုသည် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အမှန်တကယ်ချိတ်ဆက်နေပြန်ပါ၏။ အမြင်နှစ်ရပ်လုံး၌ အမှန်တရား ပါဝင်နေပါသည်။ ဒီမိုကရေစီဟု တွင်တွင် သုံးနေကြသော အဓိပ္ပာယ်ဖွင့်ဆိုချက် အပေါ် တွင်တော့ မူတည်နေပါ၏။
၁၉၇၄ တွင် စတင်ခဲ့ပြီး ၁၉၈၀ နှောင်းပိုင်းနှှင့် ၁၉၉၀ အစောပိုင်းကာလများတွင် ပိုအားကောင်းလာခဲ့သော ဒီမိုကရက်တိုက်ဇေးရှင်း “တတိယလှိုင်း” အတွင်း၌ ကမ္ဘာ့အစိတ်အပိုင်း အတော်များများသို့ ရွေးကောက်ပွဲ ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်ပျံ့နှံ့ခဲ့သည်။ မဟာဗျူဟာမြောက် အီလစ်သဘောတူညီချက်များက အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်ခဲ့သည်။ အရေးပါခဲ့သည်။ ထပ်ဆင့်ဆိုရပါမူ စစ်အေးခေတ် ပြီးဆုံးသွားခြင်းကြောင့် ပြန်ညှိစုဖွဲ့လာသော နိုင်ငံတကာ ဝန်းကျင်ကလည်း ဒီမိုကရက်တိုက်ဇေးရှင်းကို အရောင်ပိုတောက်အောင် ဆေးခြယ်ပေးခဲ့၊ ပံ့ပိုးပေးခဲ့သည်။
အထူးသဖြင့် ဆိုဗီယက် ပြည်ထောင်စုဟောင်းမှ နိုင်ငံများ (စစ်ရေးဖြင့် ကျူးကျော်သိမ်းသွင်းခံ နိုင်ငံများ) ၌ ပိုဖြစ်ခဲ့သည်။ တနည်းပြောရလျှင်တော့ အနောက်ကမ္ဘာက ထောက်ပံ့ပေးခဲ့သော ကာလရှည် အရိုးစွဲ ကွန်မြူနစ်ဆန့်ကျင်ရေး အော်တို ကရေစီနိုင်ငံများ၌ ဖြစ်သည်။ ထိုထိုတူညီသောနိုင်ငံများမှ ယနေ့အခြေအနေကတော့ ပိုကျယ်ပြန့်သော အဓိပ္ပာယ် ဖွင့်ဆို ချက် လိုအပ်မှုများကို မပြည့်မီကြသေးပေ။ မရောက်နိုင်ကြသေးပေ။
ထပ်ပြောရပါလျှင် ရွေးကောက်ပွဲဟူရုံမျှလောက်သော အဓိပ္ပာယ်ရှိနေသည့် ခပ်ကျဉ်းကျဉ်းဒီမိုကရေစီကို ကျနော်တို့ သုံးနှုန်း ချိန်၌ ဒီမိုကရေစီနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးရေးနှစ်ရပ်အကြား တွဲဆက်ပြန့်ထွက်နေခြင်းသည် ဆက်စပ်စွာပင် အားနည်းနေ ကြပြန်၏။ ပိုကျယ်ပြန့်သော တိုင်းတာတွေ့ရှိချက်များဖြင့် လက်တွေ့ကျင့်သုံးကြည့်ကြသောအခါ ဤအချက်က ပိုအား ကောင်းလာခဲ့သည်။ ဥပမာ ကြည့်ပါမည်။ ဒီမိုကရေစီကို တိုင်းတာကြည့်ရာ၌ ပေါ်လတီပရောဂျက် (Polity Project) ၏ ခပ် ကျဉ်းကျဉ်း အင်စတီကျူးရှင်းဆန်ဆန် “အော်တိုကရေစီ-ဒီမိုကရေစီ အညွှန်းကိန်း” အသုံးပြု ထုတ်ပြန်ချက်ကို တွေ့ရမည်။
လူ့သက်တမ်း၊ လူတဦးချင်း ဂျီဒီပီနှင့် စာတတ်မြောက်မှုတို့ကိုသာ အခြေခံ တိုင်းတာတွက်ချက်သော ကုလသမဂ္ဂ၏ လူ သားဖွံ့ဖြိုးမှု အညွှန်းကိန်း (HDI) တွင် နိုင်ငံတဝှန်းလုံး အခြေခံ ကောက်ယူနိုင်မှုမှာ ၃၅ ရာခိုင်နှုန်းသာရှိပြီး ဒီမိုကရေစီရေ ချိန်များ (N=114) မှာလည်း ထိုနိုင်ငံများ ပမာဏခန့်သာ ရှိပြန်သည်။ ဤကိန်းဂဏန်းများက ရေရှည်ပုံစံအမျိုးမျိုးနှင့် ကွဲလွဲ မှုများကို မျှဝေပေး၏။ သို့ငြား ထင်ရှားသည့်အချက်မှာ လူမှုဆိုင်ရာ မရှိမဖြစ်လိုအပ်ချက်များကိုတော့ အရေးကြီးစာရင်းထဲ ထည့်သွင်းမထားကြောင်း တွေ့ရှိရသည်။
သို့သော် အီလစ်တို့အနေဖြင့် အမျိုးမျိုးအဖုံဖုံရှိမှု အများစုကြီးကို တာဝန်ယူ ကိုင်တွယ်ရှင်းလင်း ထုချေသွားရန် လိုအပ်နေ ကြောင်းကို ယင်းအညွှန်းကိန်းများက လှစ်ဟဖွင့်ပေးသလို ရှိလာစေပြန်သည်။ အရပ်ဘက် လူထုလွတ်လပ်မှုကို ထည့်သွင်း တွက်ချက်ပြထားသော ဖရီးဒမ်းဟောက်စ်၏ ဒီမိုကရေစီတိုင်းတာချက်အား ပိုကျယ်ပြန့်သည်ဟု ယူ၍ လက်တွေ့ အသုံးချ ကြည့်ကြလျှင် HDI ကို ၄၁ ရာခိုင်နှုန်းအထိ ပိုမျှဝေကောက်ယူ ထုတ်ပြန်နိုင်ကြောင်း တွေ့ရသည်။
ဤအချက်များက ဘာကိုထောက်ပြ အကြံပြုနေသလဲ။ ဖွံ့ဖြိုးတိုးတက်ရေးက အရေးမကြီးမဟုတ်၊ အရေးကြီးပါသည်။ အဓိ က နှိုင်းယှဉ်စရာ ကျန်နေသည့်အချက်မှာ ဒီမိုကရေစီတည်ဆောက်ခြင်း၌ အီလစ်သဘောတူညီချက်များသာ အခရာကျ နေဖြစ်နေသည် ဟူခြင်းကို ရွေးကောက်ပွဲဒီမိုကရေစီအပေါ် ကျနော်တို့ ထဲထဲဝင်ဝင် သုံးသပ်ကြရာ၌ ထွက်ပေါ်တွေ့မြင်လာ ခဲ့ကြရသည့် ကိစ္စဖြစ်၏။
ထိရောက်အားကောင်း ဒီမိုကရေစီအတွက် တင်ကူးအနေအထားများကို ခွဲခြမ်းလေ့လာကြရာ၌ တွေ့မြင်ရသော ရုပ်ပုံကား ချပ်မှာ ပြဇာတ်ဆန်ဆန် ပြောင်းလဲလာနေခဲ့၏။ ဒီမိုကရေစီနိုင်ငံသစ် အရေအတွက်တရပ် (အများစု) အနေဖြင့် ထိရောက် အားကောင်း ဒီမိုကရေစီဖြစ်စေရေး၌ အကျင့်ပျက်ခြစားမှု များပြားနေဆဲ၊ တရားဥပဒေစိုးမိုးရေး ချို့တဲ့ချွတ်ယွင်းနေဆဲ အ ခြေအနေထဲတွင် လုံးချာလည်နေကြကြောင်း ပညာရှင်များစွာက ပြောဆိုထောက်ပြကြသည်။
ကြီးထွားလာနေသော (နိုင်ငံရေး) စာပေတရပ် အသုံးအနှုန်းအရ “ရွေးကောက်ပွဲဒီမိုကရေစီ” ကို စူးစိုက်လေ့လာကြည့်ရာမှ “စပ်ကြား/ကပြားဒီမိုကရေစီ” ၊ “အာဏာရှင်ဆန်သော ဒီမိုကရေစီ” စသဖြင့် ထည်လဲ သုံးစွဲလာခဲ့ကြသည်။ လှည့်စားထား သော၊ အတုအယောင် ဒီမိုကရေစီ၏ ပုံစံကွဲများသာဖြစ်နေကြပြီး ဒီမိုကရက်တစ် သီအိုရီညွှန်းဆိုချက်တို့ကို ဗန်းပြဟန်လုပ် ၍ လူထု ပိုမိုနှစ်ခြိုက်ရွေးချယ်ချက်ကို အသာဖယ်ထားသော အစိုးရ၏ဆုံးဖြတ်ချက်များကသာ ဆုံးဖြတ်ခွင့်သဖွယ် ဖြစ်နေ စေသည့်ပုံစံ ပိုပေါက်နေတော့သည်။ ဒါသည်ပင် နိုင်ငံရေးအီလစ်တို့၏ ကြီးမားသောဥပေက္ခာပြု လစ်လျူရှုနိုင်စွမ်း ဖြစ်ပေ သည်။
ထို့ကြောင့်လည်း ထိရောက်အားကောင်း ဒီမိုကရေစီကို တဖက်၌ ဖွင့်ဆိုလေ့ကျက် ကျင့်သုံးရန် လိုအပ်လာပါသည်။ မတူ ညီမှုနှစ်ရပ်အကြားမှ ထိရောက်အားကောင်းမှုမရှိသော (သို့မဟုတ်) နာမည်ခံ ဒီမိုကရေစီနိုင်ငံများကိုလည်း တဆက် တည်း ထင်ရှားစွာ ခွဲခြားပြသွားနိုင်မည် ဖြစ်သည်။
ထိရောက်အားကောင်း ဒီမိုကရေစီ
ဒီမိုကရေစီ၏ အနှစ်သာရသည် ရိုးရိုးသာမန်နိုင်ငံသားများကို လုပ်ပိုင်ခွင့် တိုးမြှင့်လွှဲအပ်ခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်နေရုံမျှဖြင့်တော့ ဤအချက်ကို စံပြည့် မီနိုင်မည်မဟုတ်။ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ သမာရိုးကျ ထုံးတမ်းစဉ်လာ နိုင်ငံရေးအခွင့်အရေးများ တည်ဆောက်ခြင်းဆိုသည်တို့ထက် များစွာ အဓိပ္ပာယ် ပိုထွက်ပါသည်။ နိုင်ငံသား ၊သာမန်ပြည်သူကို လုပ်ပိုင်ခွင့် ပိုတိုးလွှဲအပ်၍ ထိုထိုဥပဒေများသည် အပြည့်အဝ တာဝန်ခံယူမှု ရှိကိုရှိရမည်ဖြစ်သည်။
ထိရောက်အားကောင်း ဒီမိုကရေစီကို တွက်စစ် ပိုင်းဖြတ်ကြရာ၌ စာရွက်ပေါ်မှ အရပ်ဘက်လူထုနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ သက်သက်လောက်ကိုသာ ထည့်သွင်းကြရမည် မဟုတ်ဘဲ ထိုထိုကိစ္စရပ်များအပေါ် ခန်းမကျယ် ရုံးခန်းကြီးထဲမှ ပုဂ္ဂိုလ်များ ဘယ်လောက် တကယ် လေးစားဆောင်ရွက်သလဲ ဆိုခြင်းကိုပါ တိုင်းတာကြရမည်ဖြစ်သည်။
ဖရီးဒမ်းဟောက်စ် အမှတ်ပေးစနစ်က ဤအချက်နှစ်ချက်ကို ကနဦးကျကျ တိုင်းတာ၏။ နိုင်ငံတနိုင်ငံအနေဖြင့် လွတ်လပ် သန့်ရှင်းမျှတ အချိန်မှန်သော ယှဉ်နိုင်စွမ်းရှိ ရွေးကောက်ပွဲများ ပြုလုပ်လျှင် ဖရီးဒမ်းဟောက်စ်က “လွတ်လပ်”ဟု သတ်မှတ် သည်။ ၎င်းတို့ စံနှုန်းထိပ်ပိုင်းနားအထိ ထည့်သွင်းသည်။ သို့နှင့် အရှေ့ဥရောပဒီမိုကရေစီနိုင်ငံသစ်များစွာမှာ ကောင်းစွာ ဒီ မိုကရက်တစ်ဖြစ်ပြီးနှင့်သော အနောက်ဥရောပနိုင်ငံများကဲ့သို့ပင် ရမှတ် မြင့်မားသွားတော့သည်။
အတွင်းကျကျ လေ့လာတွေ့ရှိချက်များအရတော့ အရှေ့ဥရောပဒီမိုကရေစီနိုင်ငံသစ်များ၌ ပျံ့နှံ့မြင့်မားနေဆဲ အကျင့်ပျက် ခြစားမှုကို ဖော်ပြမထား။ ၎င်းနိုင်ငံသားများ အမှန်တကယ် ရွေးချယ်လိုမှုများနှင့် ဘယ်မျှ ကွာဝေးနေသေးကြောင်း ထိုခရေ စေ့တွင်းကျ လေ့လာမှုများက ဖရီးဒမ်းဟောက်စ်ညွှန်းပြသည်ထက် အပုံကြီး ကွာဟနေပါသည်။
တဆက်တည်းပြောရလျှင် ကမ္ဘာ့ဘဏ်၏ “ကောင်းမွန်သောအုပ်ချုပ်ရေး” ကိန်းဂဏန်းအချက်အလက်။ အထူးသဖြင့် “အ ကျင့်ပျက် ခြစားခြင်းအပေါ် ထိန်းချုပ်နိုင်မှု” အဆင့်သတ်မှတ်ချက်။ ဥပဒေဖြင့် အပ်နှင်းထားသော အာဏာကို ဘယ် လောက် ကောင်းအောင်လုပ်သလဲ၊ ဘယ်လောက် အလွဲမသုံးအောင် ပြန်လည်ကာကွယ်ထားသလဲဆိုသည့် တိုင်းတာ ချက်ကတော့ လောလောဆယ် အကောင်းဆုံး ရရှိနိုင်သော တိုင်းတာချက်ရေချိန်အဖြစ် တွေ့ရှိရနိုင်သည်။
ထိရောက်အားကောင်း ဒီမိုကရေစီရေချိန်ကို ဖော်ထုတ်ကြည့်နိုင်ရန် ဖရီးဒမ်းဟောက်စ်၏ ချိတ်ဆက်ထားသော နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးများနှင့် အရပ်ဘက် လူထုလွတ်လပ်ခွင့်များ (ရမှတ် ၁၄ အဆိုးဆုံးနှင့် ၂ သည် အကောင်းဆုံး) အပိုင်း နှစ်ပိုင်းကို အရင်ယူကြည့်ကြပါမည်။
ထိုညွှန်းဆိုချက်ကို ပြန်လှန်ကြည့်ပါက ၀ မှ ၁၀၀ စံချိန်ချထားပြီး ၁၀၀ သည် အလွတ်လပ်ဆုံးဖြစ်သည်။ ထိုအမှတ်ပေးပုံကို ကမ္ဘာ့ဘဏ်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အဆင့် သတ်မှတ်ချက်နှင့် ပြန်မြှောက်ကြမည်။ (ကမ္ဘာ့ဘဏ်က ဝမှ ၁.၀ ထိသတ်မှတ်တိုင်းတာပြီး ၁.၀ သည် ခြစားမှုအနည်းဆုံးဖြစ်သည်။) သို့ဆိုလျှင် ထိရောက်အားကောင်း ဒီမိုကရေစီညွှန် ကိန်းတရပ်ကို ထုတ်ပြနိုင်မည်၊( သို့မဟုတ်) ဆွဲထုတ်ယူပြနိုင်ရန် ဖြစ်လာပြီ။
ထိရောက်အားကောင်း ဒီမိုကရေစီသည် ထို့ကြောင့်ပင် တရားဝင်ပုံစံကျ ဒီမိုကရေစီနှင့် အီလစ် ရိုးသားဖြောင့်မှန်မှုတို့၏ ထုတ်ကုန်တရပ်ဖြစ်ပါ၏။ ထိရောက်အားကောင်းဒီမိုကရေစီအတွက် စံချိန်စံညွှန်းဟူသည် ရွေးကောက်ပွဲဒီမိုကရေစီစံထက် အကြီးအကျယ် အထဲတဝင် ပိုမိုစဉ်းစားချင့်ချိန်နိုင်ကြဖို့ အထူးလိုအပ်ချက်ဖြစ်နေပါသည်။ တောင်းဆိုမှု ဝယ်လိုအားကြီး တ ရပ်လည်း ဖြစ်နေပါသည်။
ဖရီးဒမ်းဟောက်စ် အချိုးတခုတည်းကို ပြန်လှန် တွက်ကြည့်ကြပါက ပျမ်းမျှနိုင်ငံရမှတ်အဆင့် သတ်မှတ်ချက်မှာ ၁၉၈၅တွင် ၅၁ နိုင်ငံရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်အရောက် ၇၂ နိုင်ငံသို့ တိုးမြင့်လာခဲ့သည်။ အီလစ် ရိုးသားဖြောင့်မှန်မှုကိုပါ ထည့်သွင်း တွက်ချက်သော ထိရောက်အားကောင်း ဒီမိုကရေစီရေချိန်အရဆိုလျှင်တော့ ယင်းကာလ (၁၉၈၅- ၂၀၀၀) အတွင်း တိုး တက်မှုမှာ ၃၇ မှ ၄၄ အထိပဲ ရှိခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
(ခရစ္စတီယန် ဝယ်လ်ဇယ် (Christian Welzel) သည် ဂျာမနီနိုင်ငံ၊ ဘရီမင်းမြို့၊ ဂျက်ကော့ဘ်စ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်းကောက်ယူရေး အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်သည်။ ရော်နယ်အင်း ဂဲဟာ့တ် (Ronald Inglehart) သည် မီချီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်း ကောက်ယူရေး ဒါရိုက်တာလည်းဖြစ်သည်။
၂၀၀၅ ခုနှစ်ထုတ် “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အပြောင်းအလဲနှင့် ဒီမိုကရေစီ” စာအုပ်ကို ခရစ္စတီယန်ဝယ်လ် ဇယ်နှင့် ရော်နယ် အင်ဂဲဟာ့တ်တို့ ပူးတွဲရေးသားခဲ့ပြီး တခြားထင်ရှားသော စာအုပ်များကိုလည်း ပြုစုခဲ့သည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ Educational Initiatives (www. eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)