မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပေးလျက်ရှိသည့် နိုင်ငံကူးလက်မှတ်(Pass Port) အမျိုးအစားများ အတွက် ပေးသွင်းရမည့်သတ်မှတ်နှုန်းထားများကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲကောက်ခံသွားမည်ြ ဖစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ပြောင်းလဲကောက်ခံမည့် နှုန်းထားများအဖြစ် နိုင်ငံကူးလက်မှတ်စာအုပ်အသစ်ထုတ်ခြင်းအတွက် လက်ရှိ မလေးရှား ရင်းဂစ် ၉၀ မှ ၁၁၀ သို့လည်းကောင်း၊ ရေစို၊ပျက်စီး၊ ပျောက်ဆုံးများအတွက် ရင်းဂစ် ၂၇၀ မှ ၃၃၀ သို့လည်းကောင်း၊ ဒဏ်ကြေးများအနေဖြင့်လည်း ရင်းဂစ် ၉၀ မှ ၁၁၀ ရင်းဂစ်သို့ အသီးသီးတိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ကောက်ခံသည့်နှုန်းထားများကို အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားခြင်းဖြစ်ပြီး မလေးရှား ငွေဈေးနှုန်းပြောင်းလဲမှုကြောင့် နှုန်းထားများပြောင်းလဲသွား ခြင်းဖြစ်ကာ ပြောင်းလဲကောက်ခံမည့် နှုန်းထားများကို အမေရိကန် ၁ ဒေါ်လာလျှင် ရင်းဂစ် ၄ ဒသမ ၄ နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။