၂၀၁၅ ခုနှစ် အာရှတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံ ၁၅နိုင်ငံစာရင်းကို မနေ့က Asian Ranking က ထုတ်ပြန်ရာ မြန်မာနိုင်ငံက နံပတ် ၂ နေရာမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။နံပါတ် ၁ အဆင်းရဲဆုံးနိုင်ငံနေရာမှာတော့ အာဖဂန်နစ္စတန်နိုင်ငံက ရှိနေပြီး၊ မြန်မာနဲ့အာဖဂန်နစ္စတန်ဟာ ဘိန်းထုတ်လုပ်မှုမှာလည်း ပထမနဲ့ဒုတိယ အမြဲလိုက်လျှက်ရှိပါတယ်။
နိုင်ငံအလိုက်တဦးချင်း တနှစ်တာဝင်ငွေကို အခြေခံတွက်ချက်တဲ့ Asian Ranking ရဲ့ ဖော်ပြမှုမှာ မြန်မာနိုင်ငံက လူတဦးချင်းစီရဲ့ တနှစ်တာဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၁၇၁၁ ရှိပြီး၊ မြန်မာနိုင်ငံဟာ အာရှမှာ ဒုတိယ ဆင်းရဲဆုံးနိုင်ငံဖြစ်ရခြင်းဟာ အစိုးရတာဝန်ရှိသူတွေ စီမံခန့်ခွဲမှု လွဲမှားခြင်းဟာ အကြောင်းတရပ်ဖြစ်တယ်လို့လည်း Asian Ranking က ထောက်ပြပါတယ်။
မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က နံပါတ် ၃၊ လာအိုကတော့ နံပါတ် ၉ အဆင့်ဖြစ်ပြီး၊ ဗီယက်နမ်ကတော့ နံပါတ် ၁၁ဖြစ်တယ်လို့ သိရပါတယ်။