ပစ္စဖိတ်သမုဒ္ဒရာအတွင်း စစ်ရေးပြိုင်ဆိုင်မှု ပြင်းထန်လာနေတဲ့အတွက် သြစတြေးလျနိုင်ငံက လည်း ကာကွယ်ရေး စွမ်းရည်တိုးတက်ဖို့ အသုံးစရိတ်မြှင့်တင်မယ်လို့ ဝန်ကြီးချုပ် Malcolm Turnbull ကပြောဆိုလိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ဒေသတွင်းက ကိုရီးယားကျွန်းဆွယ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတွေကြောင့် ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်တာဖြစ်ပြီး လာမယ့် ဆယ်စုနှစ်အတွင်းမှာ အသုံးစရိတ် အမေရိကန် ဒေါ်လာ ၁၃၉ ဘီလျံ သုံးစွဲသွားမှာဖြစ်ကြောင်း၊ အဆင့်မြင် ကာကွယ်ရေး စီမံချက်အရ သြစတြေးလျ ရေတပ်အတွက် ရေငုပ်သင်္ဘောအသစ် ၁၂စီးမှ ၂၄စီးအထိတိုးမြှင်ဖို့၊ ဖျက်သင်္ဘောများ၊ ဖရီဂိတ် တိုက်သင်္ဘော ၉စီးနဲ့ ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁၂စီး၊ လေတပ်အတွက် F – 35 တိုက်လေယာဉ် ၇၂စီးနဲ့ ကြည်းတပ်အတွက် စစ်လက်နက်များ တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် သြစတြေးလျ စစ်ဘက်နေရာများအတွက် လူသစ်စုဆောင်းမှုများကို လည်း ပြုလုပ်မယ်လို့လည်း သိရပါတယ်။