ကမ္ဘာကျော် Apple ကုမ္ပဏီကြီး က သူ့ရဲ့ IPhone တွေမှာပါရှိတဲ့ Data အချက်အလက်တွေကို အကာအကွယ်ပေးနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးအစီအမံတွေကို အင်ဂျင်နီယာတွေနဲ့ တည် ဆောက်နေတယ်လို့ အမေရိကန် အခြေစိုက် The New York Times သတင်းကဆိုလိုက်ပါတယ်။
ဒါဟာ FBI လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရိုက IPhone တွေကို (Unlock) ဖွင့်ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး Apple က ငြင်းပယ်ပြီးတဲ့နောက်မှာ အစိုးရဘက်ကလူတွေ ဝင်ရောက် ကြည့်ရှုလို့ မရအောင် လုံခြုံရေး အစီအမံတွေ ထပ်မံပြီးတိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါ တယ်။
Apple ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Tim Cook ကတော့ “ကျနော်တို့ ဖုံးကို ဝယ်ယူသုံးစွဲသူတွေ အတွက် အကာအကွယ်ပေးဖို့ လိုပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ တာဝန်လို့ မြင်ပါတယ်”လို့ ပြောဆိုပါ တယ်။
IPhone တွေ Unlock လုပ်ရေးနဲပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ FBI အဖွဲရဲ့တောင်းဆိုချက်ကိုလည်း Apple က ငြင်းပယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဘာနာဒီနို မှာဖြစ်ပွားခဲ့တဲ့ လူ ၁၄ဦးသေဆုံးခဲ့ရတဲ့ ပစ်ခတ် မှုမှာ ကျူးလွန်သူကိုင်ဆောင်တဲ့ Iphone ထဲက မှတ်တမ်းတွေကို အလွယ်တကူ ဖွင့်ကြည့်နိုင်အောင် လုပ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုရာကစပြီး အမေရိကန်အစိုးရနဲ့ Apple ကုမ္ပဏီအကြား အငြင်းပွားမှုတွေ ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။
ဒီလိုတောင်းဆိုမှုနဲ့ ပတ်သက်ပြီးတော့ Apple ကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ် Tim Cook ကတော့ စိုးရိမ်ခြောက်ခြားစရာတောင်းဆိုမှုလို့ ဆိုလိုက်ပါတယ်။