ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးသမား မက်ဆီက သူ့ကို အားကျနေတဲ့ ၅နှစ်သားအရွယ် မာတာဇာ အာမက်ဒီဆိုတဲ့ အာဖဂန်ကလေး ငယ်ဆီကို သူကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ဘောလုံးအကျၤီကို ပေးပို့လိုက်ပါပြီ။
အခုလစောပိုင်းက အာဖဂန်နစ္စတန်က မာတာဇာအာမက်ဒီဆိုတဲ့ ကလေးငယ်ဟာ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီကို အားကျတာကြောင့် မက်ဆီရဲ့ အင်္ကျီကို ဝတ်ကာ ဘောလုံးကန်ချင်တယ်လို့ ပူစာတဲ့အတွက် အကို ဖြစ်သူက အပြာရောင်အစင်းကျား ကြွပ်ကြွပ်အိတ်ကို မက်ဆီရဲ့ ကျောနံပါတ်ထိုးပြီး အာဂျင်တီးနား ဘောလုံး အသင်း အကျၤီအဖြစ် ဝတ်ဆင်စေကာ ဘောလုံးကန်နေတဲ့ ဓာတ်ပုံများ အင်တာနက် စာမျက်နှာနဲ့ လူမှုကွန် ရက် Facebook ပေါ်တွေမှာ ပျံနှံပြီးတဲ့နောက် ကမ္ဘာတဝှမ်းက အဲဒီကလေးငယ်ကို သတိပြုမိလာသလို ကမ္ဘာကျော်ဘောလုံးသမား မက်ဆီလည်း သိသွားတာကြောင့် အခုလို ကိုယ်တိုင်လက်မှတ်ရေးထိုးတားတဲ့ အကျၤီလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။
၅နှစ်သားအရွယ် မာတာဇာအာမက်ဒီ ဟာ အာဖဂန်နစ္စတန်နိုင်ငံက ဆင်းရဲတဲ့ မိသားစု ပေါက်ဖွားလာတာကြောင့် အခုလို ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ အကျၤီရရှိခဲ့တာ သူ့အတွက်တော့ အိပ်မက်တခုဖြစ်နေပါတယ်။