ရန်ကုန်မြို့တွင် ပထမဦးဆုံးသော မြေအောက်လူကူးစင်္ကြန်လမ်း(Underpass) ကို ပြည်လမ်းပေါ် စင်ကာပူ ကုမ္ဗဏီ Surbana Jurong က Technical Partner အဖြစ် ဆောင်ရွက်ပြီး ရွှေတောင် ကုမ္ဗဏီက တည်ဆောက်မည်ဖြစ်ကြောင်း၊ တည်ဆောက်ပြီးသည်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ တည်ဆောက်မည့်နေရာမှာ ရန်ကုန်-ပြည်လမ်းပေါ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး ကျောင်းနှင့် Junction Square Shopping အနီး ကျောင်းအတက်အဆင်း၊ ဘတ်စ်ကားဂိတ်များနှင့် လမ်းဖြတ်ကူးသူ ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန် ဖြစ်ကြောင်း၊ တည်ဆာက်ချိန်သည် စီမံကိန်း လုပ်ငန်းကာလ ၆ လ ခန့်ကြာမြင့်ဖြစ်ကြောင်း၊ စီမံကိန်းကို ညအချိန်တွင်သာ ဆောင်ရွက်ပြီး နေ့အချိန်တွင် ယာဉ်ကြောများ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ရွှေတောင်ကုမ္ဗဏီက သတင်းထုတ်ပြန်သည်။
ရန်ကုန်တွင် တည်ဆောက်မည့် မြေအောက်လူကူးစင်္ကြန်လမ်းမှာ အရှည် ၃၀ မီတာ၊ အကျယ် ၃ မီတာ၊ အမြင့် ၃ မီတာ ခန့်ရှိမည်ဖြစ်ပြီး Hi-Pile ၊ Precast Tunnel Box and Deck အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။