ပြည်ထောင်စုလွှတ်တော် ရေးရာ ကော်မရှင် ဥက္ကဌအဖြစ် သူရဦးရွှေမန်းကို ထပ်မံအဆိုပြု
This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းမည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်တွင် ဥက္ကဌအဖြစ် သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင်ဦးရေ ၃၅ ဦးဖြင့် ဖွဲ့စည်းသွားရန် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် အဆိုပြု ကြေညာခဲ့သည်။
အဆိုပါ ကော်မရှင်တွင် ပါဝင်မည့် အဖွဲ့ဝင်များတွင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် ပြင်ပလူပုဂ္ဂိုလ် ၃၁ ဦးပါဝင်ပြီး ယခင် အစိုးရအဖွ့ဲဝင် အငြိမ်းစား ညွန်ကြားရေးမှူးများ အများဆုံး ပြန်လည်ပါဝင်ခဲ့သည်။
ကော်မရှင် ဒုဥက္ကဌ-၁ အဖြစ် ရမည်းသင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်၊ ဒုဥက္ကဌ-၂ အဖြစ် ပဲခူးတိုင်းဒေသကြီး အမှတ်-၄ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးနှင့် အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်းတို့အား တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး မတ်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အဆုံးအဖြတ် ရယူမည် ဖြစ်သည်ဟု သိရသည်။