
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အောက်ရှိ Refugee Processing Center မှ ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက် များအရ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည်အများအပြားကို အမေရိကန်က လက်ခံထားရှိကြောင်း သိရသည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ရွေ့ပြောင်းသူများနှင့် ဒုက္ခသည် ၈၈၃၈၄ ဦးတို့ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးသူ အများစုမှာ ညှင်းပန်းနှိပ်စက် ခံရမှုများကြောင့် ဖြစ်သည်။ အချက်အလက်များအရ ၂၀၀၅ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံက ဒုက္ခသည် စုစုပေါင်း ၆၇၈၀၀၀ ဦးတို့အား အမြဲတမ်းနေထိုင်ခွင့် ပေးခဲ့သည်။