သတင်း

ဖားကန့်ကိစ္စကြောင့် အကောက်ခွန်၊ စီးပွား/ကူးသန်းညွှန်ချုပ်နှင့် ကချင် အစိုးရ အရာရှိများ အလုပ်ဖြုတ်ခံရ

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်၊ ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေသယ်ယာဉ်နှင့် စက် ယန္တ ရား ကြီးများ အမြောက်အမြား တရားမဝင် ဝင်ရောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍  အကောက် ခွန် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ညွှန်ချုပ် ဦးညွှန့် အောင် နှင့် ကချင်ပြည်နယ် အစိုးရအရာရှိအများအပြား ရာထူးအနားပေး အလုပ်ဖြုတ် လိုက် ကြောင်း သတင်းရရှိသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၁၆ ခုနှစ်ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်၊ ဖားကန့် ဒေသ ရှိ ကျောက်စိမ်း တူးဖော်ရေးဒေသသို့ တရုတ်နိုင်ငံမှ မြေသယ်ယာဉ်နှင့် စက်ယန္တရား ကြီး အ မြောက် အမြားဝင် ရောက်လာ ကြောင်း၊ ယင်းသို့ ဝင်ရောက်လာမှုကို စုံစမ်းစစ်ဆေးရန် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့သော်လည်း ထိရောက် သော အရေးယူမှုမရှိခဲ့ကြောင်း၊ ယင်းသို့ ထိရောက် သော အရေးယူမှု မရှိခဲ့အပေါ် ဆက်လက် စစ်ဆေး ရာမှ အကောက်ခွန်၊ စီးပွား ကူး သန်း၊ ကချင်ပြည်နယ်အစိုးရ  အရာရှိအများအပြား ရာထူးမှ အနားပေးခံရခြင်းဖြစ်ကြောင်း  သိရှိရသည်။

“ အကောက်ခွန်ညွှန်ချုပ် ဦးထွန်းသိန်း၊ စီးပွား/ကူးသန်းညွှန်ချုပ် ဦးညွှန့်အောင်၊ ကချင် ပြည် နယ် အစိုးရ အရာရှိတို့ကတော့ ရာထူးကနေ အငြိမ်းစားပေးခံလိုက်ရပါတယ်။ ရာထူး ကနေ အနားပေးလိုက်တာပေါ့။ အဓိက ကတော့ ဖားကန့်မှာ ကျောက်တူးယာဉ်တွေ၊ မြေသယ် ယာဉ် တွေ၊ စက်ယန္တရားတွေ အလုံးအရင်း ဝင်တဲ့ကိစ္စ ပေါ့။ ဒါနဲ့ပတ်သက်လို့ ကချင်ပြည်နယ် ဝန်ကြီး ချုပ်၊ ဝန်ကြီးတွေလည်း စစ်ဆေးခံရပါတယ်။ သမ္မတရုံးအမိန့်နဲ့ ပြည်ထဲရေးက တိုက် ရိုက် ကိုင် တွယ် တာပါ” ဟု အစိုးရ အရာရှိတဦးက အတည်ပြု ပြောဆိုသည်။

ရာထူးမှ အနားပေးခံလိုက်သော အကောက်ခွန် ညွှန်ချုပ်ဦးထွန်းသိန်းသည် သမ္မတရုံးဝန်ကြီး ဦးလှထွန်း၏ လူယုံ ၁ ဦးဖြစ်ပြီး စစ်အစိုးရလက်ထက် ဦးလှထွန်း ဗိုလ်ချုပ်ရာထူးဖြင့် ဘဏ္ဍာ ရေး ဝန်ကြီးဖြစ်ခဲ့စဉ်က ရုံးအဖွဲ့ မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ အကျင့်ပျက် ခြစားမှုဖြင့် နာမည်ကျော်ကြားခဲ့သော ညွှန်ချုပ်ဦးခင်မောင်လေး၊ ညွှန်ချုပ် ဦးစံသောင်း တို့ပြီးနောက် အကောက်ခွန်ညွှန်ချုပ်ဖြစ်လာသူဖြစ်ကြောင်း သိရှိရသည်။

ရာထူးမှ အနားပေးခံရသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးညွှန့်အောင်၏ နေရာတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်အဖြစ် ဗိုလ်ကြီးဟောင်း ဦးအောင်စိုးဆိုသူကို ယာယီ တာဝန်ပေးထားကြောင်း ၊ အကောက်ခွန်ညွှန်ချုပ် ဦးထွန်းသိန်း၏ နေရာတွင် မြန်မာ့အာမခံလုပ်ငန်းမှ ညွှန်ချုပ်တဦးကို ယာယီ တာဝန်ပေးထား ကြောင်း သိရှိရသည်။

ဖားကန့် ကျောက်စိမ်း ဒေသသို့ ကန်ပိုက်တီးလမ်းကြောင်းမှ မြေသယ်ယာဉ်များ၊ စက်ယန္တရား များ ဝင်ရောက် ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီး အကောက်ခွန်၊ စီးပွား/ ကူးသန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အရာရှိများ ဆက်လက်၍ ရာထူးမှ အနားပေးခံရဖွယ်ရှိကြောင်း စုံစမ်း သိရှိရသည်။

Loading